Part 25💛

1.4K 79 0
                                    

ညဘက် အိပ်နေတုန်း အခန်းထဲ ရှင့်သွန်း ဝင်လာကာ မဟာ့ အား လာနှိုးရင်း ဂစ်တာတစ်လက်ပေးသည်။

"မိုးမဟာ။ ထ။ထ။ ဒါကိုယူ။ ငါတို့သွားကြမယ်။''

မဟာ လည်း အိပ်နေရာက ရုတ်တရက် အနှိုးခံရသည်မို့ ကြောင်ကာ ရှင့်သွန်း ပေးသည့် ဂစ်တာကြီးအားပိုက်ရင်း ဆွဲခေါ်ရာနောက်လိုက်လာသည်။ ရွာ ညအချိန်မို့၊ လမ်းမီးများမရှိမှောင်မဲနေသည်။ ရှင့်သွန်း ယူလာသည့် ဆိုလာဓာတ်မီးအလင်းရောင်သာရှိသည်။ အိမ်တစ်အိမ်ခြံဘေးတွင် ဆိုလာဓာတ်မီးအားချလိုက်သည်။

"မဟာ တီးကွာ။''

အိပ်ချင်မူးတူး မဟာ က မျက်လုံးကလည်ကလည်နှင့် ''ဘာတီးရမှာလဲ။ '' ဟု ပြန်မေးသည်။

"ဟိုဟွာလေကွာ၊ ဝိုင်ဝိုင်း ရဲ့ ဒူးထောက်ပြီ ဆိုတဲ့ သီချင်းလေ။''

မဟာ က ပါးကိုကုတ်လိုက် ရင်ဘတ်ကိုကုတ်လိုက်ဖြင့် အိပ်ချင်စိတ်မှာမပြေသေး။ အသိစိတ်မကပ်။ ရှင့်သွန်း က မဟာ့ ပါးကို ဆတ်ခနဲ ချလိုက်သည်။ မဟာ့ ခေါင်းဘယ်ဘက်သို့ ယိမ်းသွားကာ မျက်လုံးပြူးသွားသည်။ အလန့်တကြားဖြင့်။

"ဘာ။ ဘာ။ ဘာဖြစ်တာလဲ။''

"မင်းကို ဝိုင်ဝိုင်း ရဲ့ ဒူးထောက်ပြီ ဆိုတဲ့ သီချင်းကိုတီးခိုင်းနေတာကွ။''

"အော်။ အင်း။ အင်း။''

မဟာ က ဂစ်တာကြိုးတွေပေါ် လက်ဖျားလေးများ လှုပ်ရှားလိုက်ကာ သံစဉ်ထွက်စေသည်။ ရှင့်သွန်း က ဂစ်တာသံစဉ်အား သေချာနားထောင်ရင်း သီချင်းစဆိုသည်။

"ငါ ချစ်ရမှာ၊ စိတ်ကူးရုံနဲ့ အသွေးအသားထဲက ပျော်နေတတ်ပြီ။''
"မင်းအရှေ့ကို ​ရောက်သွားရင်ပဲ၊ အားတင်းထားသမျှ အရည်ပျော်သွားတယ်။ အိမ်မက်ထဲမှာ၊ ဆုံတွေ့လိုက်တိုင်း၊ မနေနိုင်ဘူး ရူးချင်မိ။''

သီချင်းသံကြောင့် ဝတ်ရည် အိပ်နေရာက နိုးလာသည်။ ဖြည်ချထားသည့် ဆံနွယ်တွေကို စည်းနှောင်လိုက်ကာ ပြတင်းပေါက်တံခါးအား ဖွင့်ကြည့်လိုက်တော့၊ အောက်ထပ်တွင် သီချင်းဆိုနေသည့် ရှင့်သွန်း အားတွေ့ရသည်။ ဆိုလာမီး နဲ့အတူ ဆရာလေး မိုးမဟာ တို့ရဲ့ အကူအညီနှင့်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now