ဖိုးကုလား က စာတစ်စောင်ချန်ကာ ထွက်သွားလေပြီ။ သူ့အမေကတော့ ငိုကြီးချက်မနှင့်။ ဦးသန်းနေ လည်း မြို့ပေါ်တက်ကာ တူတော်မောင်အား ရှာပုံတော်ထွက်ရတော့သည်။ အဖြစ်အပျက်ကမြန်ဆန်လွန်းပြီး၊ မည်သူမှ သတိမထားမိလိုက်ကြ။
မဟာ သည်လည်း ထင်လင်း အားရှာရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဥသြ အားခေါ်ကာ ပန်းတနော်မြို့ပေါ်တက်သွားသည်။"ဥသြ ဒီမှာ ဖရဲသီးကြီးတွေကောင်းလိုက်တာ။''
ဥသြ နားမလည်၊ ထင်လင်း အားရှာရန် အဘယ်ကြောင့် ပန်းတနော်ဈေးထဲရောက်လာသနည်း။ အစုကြီး နှင့် ပန်းတနော်ဈေးက အများကြီးတော့မဝေးပေ။ ကားကို ရသည့်နေရာ ရပ်ထားခဲ့ကာ ဈေးထဲခြေလျင်လျှောက်လာကြပြီး မဟာ က မုန့်ဆိုင်၊ အသီးဆိုင်တွေလိုက်ကြည့်နေသည်။
"အပါး နဲ့ အမိုး အတွက် ဖရဲသီးဝယ်သွားရမလား။''
အစိမ်းရောင် ဖရဲသီးလုံးတွေ ကြားထဲ ရွေးနေရင်း မဟာ က ဥသြ အား လှမ်း၍ပြောသည်။
"ခင်ဗျား ထင်လင်း တို့ကို ရှာဖို့ ဒီကိုလာတာမဟုတ်ဘူးမလား။''
"သေချာတာပေါ့။''
ဖရဲသီးရွေးရင်း မဟာ က အမှတ်တမဲ့ ဖြေလိုက်မိသည်။
"ကျုပ်သိသားပဲ။ ခင်ဗျား လူဆိုးကောင်။''
ဥသြ က စိတ်ဆိုးကာ လှည့်ထွက်သွားသည့်နောက် မဟာ ကိုင်ထားသည့် ဖရဲသီးကို ပြန်ချကာ ပြေးလိုက်ခဲ့သည်။ စကားတစ်စွန်းတစ်စမှ မပြောပါပဲ၊ ဥသြ လက်ကိုလှမ်းဆွဲက ဘေးက အထည်ဆိုင်ထဲ ဝင်သွားပြီး ကရင်တိုင်းရင်းသား အင်္ကျီအား ဥသြ ကိုယ်မှာကပ်ကြည့်ရင်း တော်မတော်တိုင်းကြည့်နေလေသည်။
"အစ်မရေ ဒါလေး ယူမယ်နော်။''
ကရင်အင်္ကျီအား ဆိုင်ရှင်အစ်မကြီးဆီပေးလိုက်သည်။
"ခင်ဗျား ဘာတွေလုပ်နေတာလဲ။"
ပိုက်ဆံထုတ်ရှင်းနေတဲ့ မဟာ က ဥသြ အား ကြည့်ရင်း ပြုံးရုံသာပြုံးပြသည်။ ထို့နောက် တစ်ဖန် လက်ဆွဲကာ အနီးရှိအအေးဆိုင်ထဲဝင်သွားပြန်၏။
"ကလေး ဘာသောက်ချင်လဲ။ မှာလေ။"
"မန်ကျည်းဖျော်ရည်ပဲပေးပါ။"
YOU ARE READING
အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete
RomanceZawgyi နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပဲ။ (အကြင်နာဝေသောနွေ)မိုးမဟာ+နွေဥသြ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အစုကြီးကျေးရွာသို့ အလည်တစ်ခေါက်။ Unicode နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပ...