Part 30 💛 Final

3.1K 126 1
                                    

မဟာ နှင့် ရှင့်သွန်း ကားနောက်ဖုံးတွင် သစ်သီး၊ ငါးခြောက် နှင့် ငရုတ်သီးများဖြင့် ပြည့်နေသည်။ သို့သော် ရှင့်သွန်း မှာ ကားအနားတွင်ရှိမနေ။ မဟာ ခေါင်းလှည့်ကာ ရှာကြည့်သော်လည်းမတွေ့။

"ဒီမှာ ခင်ဗျား အတွက် လက်ဆောင်။''

ဥသြ က ဝဝတုတ်တုတ် ဝက်တစ်ကောင်အား ခေါင်းတွင်ဖဲကိုးအနီ ချည်ထားကာ မဟာ့ အားပေးသည်။

"ခင်ဗျား ချက်မစားရဘူးနော်။''

မဟာ ဝက်အား လက်ခံလိုက်သည်။ သူ့ထက် ရုပ်ချောသည်ဟု ဥသြ ချီးမွမ်းဖူးခဲ့သည့် ဝက်ဖြစ်သည်။ မဟာ ဝက်အား ပိုက်ကာ ဥသြ နှင့်မျက်လုံးချင်းဆုံကြည့်ရင်း နှစ်ယောက်သာ နားလည်နိုင်မည့်စကားများကို မျက်ဝန်းမှ အပြန်အလှန်ပြောနေကြသည်။

"အီးဟီးဟီး။ ဆရာလေးက ပြန်တော့မှာတဲ့။''

အော်ကြီးဟစ်ကျယ်ထငိုသည့် ဝင့်ဝါ နှင့် ရွှေရည် ကြောင့် နှစ်ယောက်သား ကြည်နူးနေသည့် ခံစားချက်လေးပျက်သွားရသည်။

"ဆရာ ဒါက ဝင့်ဝါ ကိုယ်တိုင် ချည်ထိုးထားတဲ့ တဘတ်လေးပါ။ လက်ခံပေးပါနော်။''

"ဒါလေးကလည်း ရွှေရည် ပန်းထိုးထားတဲ့ လက်ကိုင်ပဝါလေးပါ။''

မဟာ ဥသြ အား စောင်းငဲ့ကြည့်လိုက်သည်။ ဥသြ က လက်ခံ၍ ရသည်ဟု ခေါင်းညိမ့်ပြလိုက်မှ သူတို့နှစ်ယောက်ဆီက လက်ဆောင်များအား ယူလိုက်သည်။

"ဟေ့ကောင်။ ရပ်စမ်း ငါ့ သမီးကိုပြန်ချလိုက်။''

လေထဲလွင့်ပျံလာသည့် လောက်စလုံးများနှင့်အတူ ဝတ်ရည် အား ထမ်းပြေးလာသည့် ရှင့်သွန်း ကိုတွေ့လိုက်ရသည်။

"အပါးရေ စိတ်လျှော့ပါဗျ။ ကျတော်တို့ တစ်လတစ်ခါ အိမ်ပြန်လာပါမယ်။''

ရှင့်သွန်း က ဝတ်ရည် အား ထမ်းပိုးကာ ကားဆီပြေးလာရင်း လှမ်းအော်သည်။

"ဘေးဖယ်ကြ။ ဘေးဖယ်ကြ။ ''

သူ က ဝတ်ရည် အား lover seatတွင် ထိုင်ခိုင်းကာ သူက driver seatတွင်ဝင်ထိုင်ရင်း ကားအား စက်နှိုးကာ အမြန်မောင်းထွက်သွားသည်။

"သမီးမိုက်ကို ခွင့်မလွှတ်ပါနဲ့ အပါး။''

ဝတ်ရည် ရဲ့ အော်သံ က ထွက်ခွာသွားသည့် ကားနှင့်အတူ လွင့်မျောသွားသည်။ ရုတ်တရက်ဆန်စွာ ဖြစ်သွားသည့် အဖြစ်အပျက်ကို လူတွေအားလုံး ငေးကြည့်ကာ ကြောင်အနေမိကြသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now