Part 28💛

1.4K 94 1
                                    

ဆေးရုံခန်းထဲမှ ဆရာဝန်ထွက်လာသည့်အခါ ဆေးစာရင်းကြည့်ရင်းဖြင့်ပြောသည်။

"ဆရာ။ လူနာဘယ်လိုနေလဲ။''

"ကောင်းသွားပါပြီ။ ကြောက်စရာ တစ်ခုခုကိုတွေ့ပြီး သတိလစ်သွားရုံပါ။ မစိုးရိမ်ပါနဲ့။ သူနိုးလာရင် ဆေးရုံဆင်းလို့ရပါပြီ။''

မဟာ နိုးလာသည့်အခါ မနက်ဝေလီဝေလင်း၅နာရီကျော်နေပြီဖြစ်သည်။ ဥသြ က လူနာခုတင်ပေါ်တွင် မဟာ့ လက်အားဆွဲကိုင်ထားရင်း ခေါင်းလေးမှောက်ကာ အိပ်ပျော်နေသည်။ ဦးသန်းနေ နှင့် ဒေါ်ထားရီ တို့ကလည်း ခုံတွင်တစ်ယောင်ကိုယ်တစ်ယောက်မှီလျက် အိပ်နေကြသည်။

မဟာ ပိုးဟပ်အကြောင်းပြန်တွေးမိပါက ကြက်သီးထမိသည်။ ခြေတံလက်တံများတွင် အစူးများကကြက်သီးထစရာ။ ရုပ်ဆိုးဆိုး နှင့် နှုတ်ခမ်းမွှေးများလည်းပါသေးသည်။ မဟာ မနေနိုင်စွာ ကိုယ်ကိုတွန့်လိုက်မိသည်။ ဥသြ က တအင်းအင်းတအဲအဲဖြင့် နိုးလာသည်။

"ခင်ဗျား နိုးပြီလား။''

"စောသေးတယ်။ အိပ်အုံးလေ ဥသြ။''

ဥသြ က အိပ်ချင်မူးတူးနဲ့ ခေါင်းညိမ့်ပြသည်။ မဟာ က ခုတင်ကိုဘေးတိုးပေးကာ ဥသြ အတွက်နေရာဖယ်ပေးသည်။

"လာ။ ဒီမှာလာအိပ်။''

ဥသြ က ခုတင်ပေါ်တက်လာကာ မဟာ့ ဘေးဝင်လှဲလိုက်သည်။ တစ်ယောက်အိပ်ခုတင်သာဖြစ်သည်မို့ ယောက်ျားလေးနှစ်ယောက်အိပ်သည့်အခါ ကျပ်နေသည်။ သို့သော် မဟာ က ဥသြ အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည့်အခါ နေရထိုင်ရအဆင်ပြေသွားသည်။ ဥသြ က ချက်ချင်းပင် အသက်ရှူမှန်မှန်နှင့် အိပ်ပျော်သွားခဲ့သည်။

ဥသြ နှင့် မဟာ စောနိုးလာခဲ့သည်မို့ မိဘတွေရဲ့ အထင်လွဲစရာမြင်ကွင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ထော်လာဂျီအသံ တဂျိမ်းဂျိမ်းနှင့်အတူ လှုပ်လီလှုပ်လဲ့ဖြင့် ရွာအဝင်လမ်းနားရောက်လာခဲ့သည်။

"ဟာ ကိုဘမောင် ပါလား။ ဘယ်က ပြန်လာတာလဲဗျ။''

ဦးသန်းနေ က စက်ဘီးစီးလာသည့် ကိုဘမောင် ဆိုသူအား လှမ်း၍နှုတ်ဆက်သည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now