ခြံစည်းရိုးလေးပေါ်ရှိ လေးနာရီပန်းလေးများကို ရေလောင်းနေသည့် ဦးသန်းနေ က မဟာ ဥသြ အား ထမ်းပိုးလာသည်ကို တွေ့လိုက်ရသည်။ မဟာ က ဦးသန်းနေ ကို ရည်ရည်မွန်မွန်ပြုံးပြရင်း ခေါင်းလေးညိမ့်ကာ နှုတ်ဆက်သည်။
ထို့နောက် ဥသြ ကို ထမ်းပိုးလျက်နှင့်ပင်၊ အိမ်ထဲဝင်သွားသည်။ ဦးသန်းနေ က မျက်စိတဆုံး လိုက်ကြည့်ပြီးနောက် ကြောင်တောင်တောင်ဖြစ်နေမိသည်။
"မေကြီး ရေ။ ဒီလာစမ်းပါအုံး။''
ဦးသန်းနေ ခေါ်သံကြောင့် ဒေါ်ထားရီ လည်း အိမ်ထဲကပြေးထွက်လာသည်။
"ဘာဖြစ်လို့လဲ၊ ဖေကြီး ရဲ့။''
"ခုနက ဆရာတပည့် နှစ်ယောက်က ဘယ်လိုပုံစံတွေလဲကွဲ့။''
"အော် အဲ့တာလား။ ဥသြ အမှားလုပ်ထားတာကိုး။ အပြစ်ပေးခံရတော့မှာလေ။''
တစ်ဖက်တွင် အပြစ်ပေးခံရတော့မည့် ဥသြ။
မဟာ က ဥသြ ကို ခုတင်ပေါ်ပစ်ချရင်း အပေါ်မှ အုပ်မိုးထားသည်။ မျက်လုံးချင်းစုံလျက်။
"ပြော ဘာအမှားလုပ်ထားလဲ။''
"ခင် ခင်ဗျား မျက်နှာကို ဘောလုံးကန်မိတာ။''
ဥသြ က ရင်တွေတထိတ်ထိတ် ခုန်နေကာ အသံတွေတုန်ယင်နေသည်။ ကြောင်လက်ထဲရောက်နေသည့် ကြွက်ပေါက်လေးတစ်ကောင်လို၊ အချိန်မရွေး စားသောက်ခံရတော့မည့် ခံစားချက်မျိုး။
"ပြီးတော့...။''
"စာ စာသင်နေတုန်း ထွက်ပြေးမိတာ။''
"ကိုယ့် အမှား ကိုယ် သိပြီလား။''
ဥသြ က မဆိုင်းမတွ ခေါင်းလေးညိမ့်ပြသည်။ ထို့အခါ မဟာ က ခန့်မှန်းလို့မရနိုင်သည့် ပြုံးမျိုး နှုတ်ခမ်းတွင်ပေါ်ပေါက်လာကာ ဥသြ နားနားတိုးကပ်ရင်းပြောသည်။
"အမှားကိုသိပြီဆိုတော့.. နောက်မလုပ်အောင် အပြစ်ပေးရမယ်။''
ဥသြ တစ်ကိုယ်လုံး ကျဉ်တက်သွားသလိုပင်။ တထိတ်ထိတ် ဖြစ်နေသည့် ရင်ခုန်သံများက တဒိတ်ဒိတ်ဖြစ်လာကာ မဟာ အား အပြူးသားမျက်လုံးလေးနှင့် ကြည့်နေမိသည်။
YOU ARE READING
အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete
RomanceZawgyi နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပဲ။ (အကြင်နာဝေသောနွေ)မိုးမဟာ+နွေဥသြ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အစုကြီးကျေးရွာသို့ အလည်တစ်ခေါက်။ Unicode နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပ...