ယနေ့ ညနေစာအတွက် ကန်စွန်းရွက်ချက်ရန် ဥသြ နဲ့ မဟာ တို့ ရွာအလယ်ရှိ စမ်းချောင်းဆီ ထွက်လာကြသည်။ တံတားကို တွေ့တိုင်း ဥသြ တင်ပါး ခပ်စပ်စပ်။ မကျေမနပ်နှင့် အရှေ့ကလူအား ကြည့်လိုက်ကာ ခပ်ဆိုးဆိုးအကြံတစ်ခုထွက်လာသည်။
"ဟေ့လူကြီး။''
မဟာ က ဥသြ အား လှည့်ကြည့်တဲ့အချိန် ဥသြ က ပြေးလာပြီး မဟာ့ ကို ချောင်းထဲတွန်းချလိုက်သည်။
''ဟား ဟား၊ ရန်ကုန်သားကြီး ရှိုးပဲ့သွားပြီ။''
သို့သော် မဟာ က ရေပေါ်ပြန်မပေါ်လာပေ။ ဥသြ စိုးရိမ်သွားသည်။
"ဟေ့လူ ခင်ဗျား ရေမကူးတတ်ဘူးလား။"
ဥသြ အရမ်းစိုးရိမ်ကာ ချောင်းကနွေရာသီမို့ ရေတိမ်ကာ လူတစ်ယောက်မြုပ်ရန် မစွမ်းဆောင်နိုင်သည်ကိုမေ့သွားသည်။ ချောင်းထဲ ဒိုင်ဗင်ထိုးခုန်ချလိုက်သည်။ ခပ်တိမ်တိမ်ရေကြောင့် ခေါင်းနဲ့ စမ်းချောင်းကြမ်းပြင် ရိုက်မိကာ အီဝေသွားသည်။
ရေငုပ်ကာနေသည့် မဟာ က ထိုအခါမှ ရေပေါ်ပြန်ပေါ်လာကာ ဥသြ အားရယ်လေသည်။
"ငတုံးလေး ကိုယ်က ရေနစ်ပါ့မလား။ ရေက တိမ်တိမ်လေးကို။ ရွာခံ ဖြစ်ပြီး ဒါလေးတောင် မသိဘူးလား။"
ဥသြ ခေါင်းနာသွားသည်ကြောင့် မျက်ရည်လေးတွေစို့နေသည်။ မဟာ အား ရှုတေတေ မှုံတုန်တုန် မျက်နှာနှင့်ကြည့်ကာ။
"ဟုတ်တယ်။ ကျုပ်က ငတုံး။ ကျုပ်တုံးလို့ ခင်ဗျားကို စိုးရိမ်မိသွားတာ။"
မဟာ အား ဂရုမစိုက်တော့ဘဲ၊ ကန်စွန်းရွက်တွေကို မဟာ အမှတ်နှင့် ဆောင့်ဆွဲကာ အကြင်အနာမဲ့စွာခူးနေသည်။ မဟာ တံတွေးမျိုချလိုက်မိသည်။
"ဥသြလေး၊ ကိုယ့်ကို စိတ်ဆိုးသွားတာလား။"
"ကျုပ်က ငတုံးမို့ ခင်ဗျားကို စိတ်ဆိုးရမှာလား။"
အမြစ်တွယ်နေတဲံ ကန်စွန်းရိုးကို အားနဲ့ဆွဲနှုတ်ရင်းဖြေလိုက်သည်။ စိတ်မဆိုးဘူးဟု ပြောသော်လည်း နှုတ်ခမ်းလေးတွေက တစ်တောင်လောက်ရှေ့ကိုထော်ထွက်နေသည်။
YOU ARE READING
အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete
RomanceZawgyi နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပဲ။ (အကြင်နာဝေသောနွေ)မိုးမဟာ+နွေဥသြ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အစုကြီးကျေးရွာသို့ အလည်တစ်ခေါက်။ Unicode နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပ...