Part 17💛

1.9K 147 4
                                    

ဥသြ က စားပွဲဝိုင်းမှာထိုင်ပြီးသည့်အချိန်မှစပြီး စတင်ဆွဲတော့သည်။ မဟာ့ အတွက်တော့ အလှူပွဲတွင် စားရသည်မှာ ပထမဆုံးအကြိမ်ပင်။ ရန်ကုန်တွင် အလှူ၊ စတုဒီသာပွဲတွေရှိသော်လည်း မဟာ မသွားခဲ့ပါ။ မသွားချင်ဟု ပြောလျှင်ပိုမှန်မည်။

ပိုက်ဆံရှိအသိုင်းအဝိုင်းမှ လာသည့်သူပီပီ ထိုကဲ့သို့သော ပွဲမျိုးကိုမကြိုက်ပါ။ မဟာ တစ်လုတ်မှပင် မစားဘဲ၊ ဘေးမှ ပလုတ်ပလောင်းစားနေတဲ့ ဥသြ ကိုသာ မေးထောက်ရင်း ငေးကြည့်နေမိသည်။

"ဟေ့လူ ခင်ဗျားမစားဘူးလား။''

"ကိုယ်က မင်းကို ကြည့်ရတာနဲ့တင် ဗိုက်ဝနေပြီမို့။''

ဥသြ စားရင်းသောက်ရင်း သီးကုန်သည်။ မဟာ က ဘေးနားက လိမ္မော်ရေခွက်ကို ဥသြ အားတိုက်ရသည်။

"ဟော ကလေးရယ် ဖြည်းဖြည်းစားမှပေါ့။''

"ဒီမှာ ကျတော်ပြောတာနားထောင်။ အလှူတွေ ဘာတွေ ရှိရင် ဝင်စားပေးရတယ်ဗျ။''

"ဘာလို့လဲ။''

"ဟောဗျာ။ ဒါမှ အလှူရှင်တွေ ဒါနမြောက်မှာပေါ့ဗျ။ လှူတဲ့သူရှိပြီး အလှူခံတဲ့သူမရှိလို့ ဘယ်ဖြစ်မလဲဗျ။ ဟူး~ ဒါတွေလည်းနားမလည်ပါလား။ ခင်ဗျားတို့လို လူတွေအတွက် ရင်လေးစရာပဲဗျာ။''

လူကြီးလေးလို ပြောနေကာ သက်ပြင်းချပုံလေးကအစ ချစ်စဖွယ်အတိပင်။ မဟာ ဥသြ ပြောစကားနားထောင်ကာ အလှူက ထမင်း နဲ့ ဟင်းကို သုံးဆောင်ခဲ့လေသည်။

ဝတ်ရည် က ကိုယ်ရင်လေးတွေကိုလှူပြီးသည့်အခါ အလှူပွဲအတွင်းဝင်ကူသည်။ ရွာရဲ့ ပန်းတောင်ကိုင် အလှလေးမို့ ကာလသားတွေဆီမှ ငေးကြည့်ခြင်းခံရသည်မှာ မဆန်းပေ။ ရှင့်သွန်း ကတော့ မကြိုက်။

ဝတ်ရည် နောက်လိုက်ကာ ပန်းကန်တွေလိုက်သိမ်းပေးရင်း ဝတ်ရည် ကို ကြည့်နေကြသည့် လူတွေကို နဂါးမျက်စောင်းနဲ့စိုက်ကြည့်ခဲ့သည်။ ဝတ်ရည် က ရှင့်သွန်း ကို ဂရုစိုက်ခြင်းမရှိသလို ကြည့်နေကြသည့် သူများကိုလည်း ဂရုမစိုက်။ သူမဘာသာ အလုပ်ကောင်းကောင်းလုပ်နေသည်။

"ဟေ့လူ။ ခင်ဗျား သူ့ကို မကြိုက်တော့ဘူးလား။''

ရှင့်သွန်း က ဥသြ ဝိုင်းနားရောက်လာသည့်အခါ ဥသြ က သူမကို လှမ်းမေးလိုက်သည်။ ရှင့်သွန်း မျက်နှာက စိတ်ပျက်သွားဟန် ပြောင်းလဲသွားကာ မဟာ က ရယ်လေသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now