Part 19💛

1.8K 136 6
                                    

"မမလေး ဝတ်ရည်။ မမလေး။ ကိုယ့်ကို တစ်ချက်လောက်ကြည့်ပါအုံး။''

ပန်းထိုးနေသည့် ဝတ်ရည် ဘေးတွင် ရှင့်သွန်း ပူညံပူညံ သွားလုပ်နေသည်။ ရွှေရည် က အကြမ်းရည်နဲ့ လက်ဖက်သုတ် ပန်းကန် ယူလာကာ ရှင့်သွန်း ဆီချပေးသည်။

"ဒီက....။ ဘယ် ဘယ်လို ခေါ်ရမလဲရှင့်။''

"ရပါတယ်။ ကိုယ့်ကို မောင် လို့ တစ်လုံးတည်း အဖျားဆွတ်ခေါ်ပေါ့။''

ရွှေရည် ပါးလေးတွေရဲကာ ရှက်သွေးဖြန်းသွားသည်။ ရွှေရည် ပါးစပ်ဖျားမှ မောင် ဆိုသည့် စကားလုံးထွက်မလာခင်၊ ဝတ်ရည် က ငေါက်ကာ ထွက်သွားခိုင်းလိုက်သည်။

"ရွှေရည် သွား။ စာသွားလုပ်။''

ရွှေရည် က နှုတ်ခမ်းဆူထော်ကာ ခြေဆောင့်ပြီးထွက်သွားသည်။

"ဝတ်ရည် က သိပ်တွန့်တိုတာပဲ။''

"ကျမက တွန့်တိုတာမဟုတ်ဘူး။ ရှင့် လို လူရှုပ်လူပွေ နဲ့ ကျမညီမလေး ပတ်သတ်မိမှာစိုးလို့ နှင်လွှတ်လိုက်တာ။''

ဝတ်ရည် က ရှင့်သွန်း ကို မျက်စောင်းထိုးကာ ပြောလေသည်။
ရှင့်သွန်း က ခပ်ဟဟရယ်ရင်း အမေးစကားတစ်ခုဆိုသည်။

"ဒါဆို မင်းနဲ့ရော ပတ်သတ်လို့ရလား။''

"မရဘူး။''

ဝတ်ရည် က ထိုင်နေသည့် ကွပ်ပျစ်ပေါ်ကထကာ အိမ်ထဲဝင်ပြီး တံခါးပါလော့ခ်ချ ပိတ်လိုက်သည်။ ရှင့်သွန်း သူမကို ကြည့်ကာ ရယ်နေမိသည်။ မာနလေးတခွဲသားနှင့် သူမက ချစ်ဖို့ကောင်းလွန်းသည်။ ရွှေရည် ချပေးထားသည့် အဖန်ရည်နှင့် လက်ဖက်သုတ်လေးစားကာ ဝတ်ရည် အိမ်ထဲမှ ပြန်ထွက်လာမည့် အချိန်ကိုသာ ပျော်ပျော်ကြီး စောင့်နေလိုက်တော့သည်။
...

မဟာ ဥသြ ကို စာရှင်းပြနေတုန်းအောက်ထပ်ကနေထင်လင်းခေါ်သံကိုကြားလိုက်ရသည်။

"နွေဥသြ။ဘောလုံးသွားကန်ကြမယ်။''

ဥသြ က မဟာ့ ကို လှမ်းကြည့်သည်။ မဟာ က လက်မခံဟန်ခေါင်းခါပြသည်။ဥသြ က သက်ပျင်းချကာ စာပြန်လုပ်သည်ကြောင့် မဟာ စိတ်အေးသွားသော်လည်း၊ မထင်မှတ်စွာ ဥသြ က ထပြေးသွားသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now