Part 14💛

1.9K 157 11
                                    

ရှေ့ပန်းကန်မှ အကြီးဆုံးကြက်သားကိုယူကာ မဟာ့ ပန်းကန်ထဲ ဥသြ ထည့်ပေးလိုက်သည်။ ရှင့်သွန်း ကလည်း အရွက်ကြော် အားယူကာ မဟာ့ ပန်းကန်ထဲထည့်ပေးလိုက်သည်။

"အသားတွေချည်းစားနေတာ မကောင်းဘူး။ အသီးအရွက်စား ကျန်းမာရေးကောင်းတယ်။''

"ခင်ဗျားက အသားကြိုက်တာမလား။ ကိုယ်ကြိုက်တာ ကိုယ်စား အဲ့တာပိုကောင်းတယ်။''

နောက်ထပ် ကြက်သားတုံးက မဟာ့ ပန်းကန်ထဲထည့်​ပေးသည်။ မဟာ က ရှင့်သွန်း ထည့်ပေးတဲ့ အရွက်ကိုဂရုမစိုက်။ ဥသြ ထည့်ပေးတဲ့ ကြက်သားတွေကိုသာ ပြုံးပြုံးကြီး ဝါးနေသည်။ ဥသြ က အောင်နိုင်သူ အပြုံးနဲ့ ရှင့်သွန်း ကို လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။

အရှေ့မှာရှိနေတဲ့ ဒေါ်ထားရီ သက်ပြင်းချလိုက်သည်။ အကယ်လို့ သူ့ယောက်ျားသာ ယခုအချိန် ပန်းတနော်မြို့ထဲ မသွားရင် သူ့ကို ထိုကဲ့သို့ ဟင်းတွေခပ်ထည့်ပေးနေမှာဖြစ်သည်။ ယခုတော့ ဥသြ နဲ့ မဟာ တို့ တစ်ယောက်တစ်လှည့် ထည့်ပေးရင်း ကြက်သားဟင်းလေး ကုန်သွားလေပြီ။

"အခန်းကမလောက်တော့ ငါ မင်းနဲ့အိပ်လိုက်မယ်။''

ရှင့်သွန်း က မဟာ့ အားပြောလိုက်သည်။ ဥသြ က လက်မခံ။ မဟာ့ လက်မောင်းကို ဆွဲကာ သူ့နားခေါ်လိုက်သည်။

"မရပါဘူး။ ယောက်ျားလေးနဲ့ မိန်းကလေး အတူအိပ်လို့ဘယ်ဖြစ်လဲ။''

"အဲ့တော့ မင်းက သူနဲ့အတူ အိပ်မယ်ပေါ့။ ကောင်းပြီ။ ဒါဆိုလဲ အိပ်တော့။''

ဥသြ က ရှင့်သွန်း ငြင်းမည်ဟု ထင်နေတာဖြစ်သည်။ သူမက ချက်ချင်းကြီးလက်ခံလိုက်သည်။ ရုတ်တရက်ကြီး သူ့ကို အရှုံးပေးသွားသည်လား။

တစ်ယောက်အိပ်ခုတင်လေးက ယောက်ျားလေးနှစ်ယောက်အတွက် ကျဉ်းကြပ်သည်။ မဟာ က အိပ်ရာပေါ်အရင်လှဲလိုက်ကာ လက်မှားဆန့်တန့်ရင်း ရင်ခွင်အားဖွင့်ဟပေးသည်။

"လာ ဒီထဲ ဝင်လှဲလိုက်။''

"နွေရာသီ ပူပူလောင်လောင်ကြီးကို။ ကျုပ် ခင်ဗျားနဲ့ မအိပ်နိုင်ပါဘူး။''

ခုတင်အောက်တွင် လိပ်ထားသည့် ဖျာလိပ် ယူနေတဲ့ ဥသြ ကို မဟာ ခါးကနေ လှမ်းဆွဲကာ ရင်ခွင်ထဲ အတင်းထည့်လိုက်သည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now