မနက်စောစောစီးစီးတည်းက ဥသြ အိမ်တွင် ရှိမနေတော့။ မဟာ ဥသြ ကို အိမ်အနှံ့လိုက်ရှာသော်လည်းမတွေ့။ စိတ်ပူမိသွားသည်။
"အန်တီ။ ဥသြ ကိုတွေ့မိသေးလားဗျ။''
ဒေါ်ထားရီ က အနည်းငယ်စဉ်းစားပြီးမှ ပြန်ဖြေလာသည်။
"ဟိုဘက်ကမ်းမှာ ကြက်ပွဲရှိတယ်ကြားတယ် ဆရာလေး။ အဲ့ကိုသွားကြည့်လိုက်ပါအုံး။ တွေ့ရင် ရိုက်ပြီးသာခေါ်လာခဲ့လိုက်။''
ဟော ဒီကလေး အသက်ပင်မပြည့်သေး။ ကြက်ပွဲသွားနေပြီ။ မဟာ လည်း သုတ်ခြေတင်ကာ တံတားကူးပြီး တစ်ဖက်ကမ်းဆီ လျှောက်လာသည်။ ဟိုလူမေး ဒီလူမေးနဲ့ ရွာစပ်နားမှာ လူတွေအုံနေတဲ့ ကြက်တိုက်ပွဲကို ရှာတွေ့လေပြီ။
ကြက်နှစ်ကောင် အချင်းချင်းခွပ်နေကြသည့် ပွဲဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အင်တိုင်အားတိုက် အားပေးနေတဲ့ ဥသြ အား မဟာ တွေ့ပါပြီ။
"နွေဥသြ။''
မဟာ အုံကြိတ်ကာ ခေါ်လိုက်သည့် အသံကြောင့် အားပေးသံတွေ ခနရပ်သွားသော်လည်း ဥသြ ကတော့ ပတ်ဝန်းကျင်ကို သတိမထားမိဘဲ၊ အော်မြဲ အားပေးမြဲ။ မဟာ လူကြားထဲဝင်ကာ ဥသြ ရဲ့ နားရွက်ဖျားအားဆွဲလိုက်သည်။
"အ အား အမေ အမေ။ နာတယ်။''
"ပြော ခုမှ၁၀တန်း။ အသက်တောင်မပြည့်သေးဘဲ။ မင်းက ကြက်ဝိုင်းရောက်နေပြီ။''
မဟာ နားအား ဆွဲထားသည်ကြောင့် ဥသြ ခေါင်းတစ်ဖက်မြောက်နေသည်။ နာသည်ကြောင့် မျက်လုံးများပင်မှိတ်ထားမိသည်။
"အား နာတယ်။ ကျတော့်နားကို မဆွဲနဲ့။ ခင်ဗျားပြော။ ခင်ဗျားလည်း အဲ့ အသက်မပြည့်သေးတဲ့ ကလေးကိုကြိုက်နေတာမဟုတ်လား။''
ဘေးပတ်ဝန်းကျင်အား ဂရုမစိုက်ဘဲ ပြောလိုက်သည့် ဥသြ ကြောင့် မဟာ မှာရင်ထိတ်သွားသည်။ သူက ဒီရွာသား အဟုတ်၍ ကိစ္စမရှိသော်လည်း ဥသြ အားမည်သို့ထင်သွားကြမည်နည်း။
ဘေးနားအား ဝေ့ဝဲကည့်လိုက်တော့ လူတွေအကုန်လုံးက ကြက်ဝိုင်းကိုသာ စိတ်ရောက်နေကြသည်။ မဟာ လည်း ထိုအခါမှ သက်ပြင်းချနိုင်သည်။
YOU ARE READING
အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete
RomanceZawgyi နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပဲ။ (အကြင်နာဝေသောနွေ)မိုးမဟာ+နွေဥသြ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အစုကြီးကျေးရွာသို့ အလည်တစ်ခေါက်။ Unicode နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပ...