Part 26💛

1.4K 95 5
                                    

ဥသြ နိုးလာသည့်အခါ အိမ်တွင် ရွှေရည် တို့ အဖေ ရောက်နေကြောင်းသိရပြီး တစ်စုံနှစ်ယောက်အား တိုင်ချက်လာဖွင့်နေကြောင်း ကြားရသည်။ မဟာ က လှေကားပေါ်ကဆင်းလာရင်း လည်ပင်းအားဟိုလည့်ဒီလှည့်ဖြင့် ဇက်ချိုးနေသည်။

"ဥသြ ရယ်။ မနေ့က ကိုယ် အိမ်မက်မက်တာ တကယ်လိုပဲ။ လောက်စလုံးနဲ့ အပစ်ခံရတာ တင်ပါးတွေရော၊ ခြေထောက်တွေရော နာနေတယ်။''

ဦးသန်းနေ အား စကားပြောနေသည့် ရွှေရည့် အဖေက မဟာ့ အားတွေ့တော့၊ လက်ညှိုးထိုပြီး ''ဒီကောင်။ ဒီ​ကောင်။ ဒီကောင်လဲပါတယ်။''ဟုပြောသည်။ မဟာ က မပွင့်တပွင့် ဖြစ်နေသည့် မျက်လုံးများဖြင့် သူ့အားကြည့်လိုက်ပြီး မျက်ခုံးအစုံတို့ ပင့် မြောက်သွားသည်။ ထို့နောက် ဝမ်းသာအားရဖြင့်။

"အိမ် အိမ်မက်ထဲက လူကြီးပဲ။''

ထို့နောက် ဥသြ အား ကြည့်ကာ ထပ်ပြောသည်။

"ကိုယ့် အိမ်မက်ထဲမှာ လောက်စလုံးနဲ့ လိုက်ပစ်တယ် ဆိုတာ အဲ့လူကြီးပဲ၊ ဥသြ။''

"ဘာတွေ အော်ဟစ်နေတာလဲ။''

ရှင့်သွန်း က သန်းဝေကာ ဆင်းလာသည်။

"သူကြီး။ အဲ့ကောင်။ သီချင်းလာဆိုတာ အဲ့ကောင်ဲ။ ကျတော့ ကိုလည်း စော်ကားသွားသေးတယ်။''

သူကြီး လည်း နောက်ဆုံး အမှုကျေအေးအောင် မဟာ နှင့် ရှင့်သွန်း တို့အား ခြံထဲတွင် ထိပ်တုံးခတ်ကာ ထားလိုက်ရသည်။ မဟာ သည်လည်း မနေ့ညက အိမ်မက်မဟုတ်ကြောင်းသိသွားပြီး ရှင့်သွန်း အားမကျေနပ်ကာ နှစ်ယောက်သား ထိပ်တုံးခတ်လျက်နှင့် နပန်းသတ်ကြသည်မို့ တစ်ယောက်တစ်နေရာစီခြားလိုက်ရသည်။

"ဟား ဟား ဟား။ ဆရာ တဲ့ ဘာဆရာလဲ။ ထိပ်တုံးတောင်အခတ်ခံရတယ်။''

ဟား နေသူမှာ မည်သူမှမဟုတ်၊ မဟာ့ ချစ်တပည့်လေး ဥသြ သာဖြစ်သည်။ မဟာ ထိပ်တုံးခတ်ခံထားရသည်မို့ စာသင်မည့်သူမရှိသည်ကြောင့် ခြံထဲရှိ သစ်သားခုံပေါ်တွင်ထိုင်ကာ မဟာ့ အား တစ်နေကုန် ထိုင်ရယ်နေသည်။ မဟာ သည်လည်း သူ့ခြေထောက်တွင် ထိန်းချုပ်ထားသည့် သစ်သားတုံးကြီးသာ မရှိပါက ထိုရယ်နေသည့် တပည့်လေးအား မှတ်လောက်သားလောက်အောင် kissing ဆွဲပြီး အပြစ်ပေးပစ်လိမ့်မည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now