Part 4💛

3K 207 5
                                    


ဥသြ မနက်စာထိုင်စားနေတုန်း မဟာ ရောက်လာသည်။ မနေ့ညက အဖြစ်အပျက်ကြောင့် ဥသြ မဟာ အား မျက်နှာချင်းဆိုင်မကြည့်နိုင်။ ခေါင်းငုံ့ကာ စားလက်စ ကော်ညှင်းပေါင်းကိုသာ ဆက်စားနေသည်။

"ဟူး သားတို့ကြားပြီးပြီလား။ မနေ့ညက တံတားပေါ်မှာ သရဲတစ်ကောင်က ပုဆိုးချွတ်ပြပြီး လူတွေကိုလိုက်ခြောက်နေတယ်တဲ့။''

ဥသြ က စားနေတဲ့ ကောက်ညှင်းပေါင်းသီးသွားကာ မဟာ လည်း ကော်ဖီသောက်ရင်း အပူလောင်ကုန်သည်။ ဒေါ်ထားရီ က ဘေးမှာရှိနေတဲ့ တစ်ရှူးဘူးကိုယူကာ မဟာ အားပေးလေသည်။

"အော် ဆရာလေးရယ်၊ ဂရုစိုက်မှပေါ့။ အပူတွေလောင်ကုန်ပြီ။''

''အမေ့ သား ထင်တာ အဲ့သရဲက နှာဘူးတဏှာရူး သရြဲဖစ်မယ်။''

ဥသြ မသိမသာ မဟာ အားလှမ်းကြည့်ကာ ပြောလိုက်သည်။ ထိုအကြောင်းပြန်စဉ်းစားလျှင် ဖင်စပ်ကြိမ်းကြိမ်း။

"ဟုတ်မှာပေါ့​အေ။ ငါလည်း ဘယ်သိမလဲ။ ခနနေရင် ဘုန်းကြီးကျောင်း ဆွမ်းချိုင့်သွားပို့။ ဆရာလေးပါခေါ်သွား။''

ဘုန်းကြီးကျောင်းဆွမ်းချိုင့်သွားပို့ ဆိုတာထိ မှန်နေသည်။ နောက်မှ ဆရာလေးပါခေါ်သွား ဆိုသည်က မည်သည့်အတွက်နည်း။

"အမေ့ ဘာကြောင့် ဒီလူ့ကိုခေါ်သွားရမှာလဲ။''

''လျှာမရှည်နဲ့။''

ထိုတစ်ခွန်းတည်းနဲ့တင် ဥသြ ဆက်ပြောမရတော့ပေ။ မဟာ က ကော်ဖီသောက်ရင်း အောင်နိုင်သူအပြုံးဖြင့်။ ဥသြ က သာမာန် JJ ဘောင်းဘီ၊ စွပ်ကျယ်နှင့်ဖြစ်သော်လည်း၊ မဟာ က အဖြူရောင်တိုက်ပုံ အုန်းခွံရောင် ပုဆိုးဖြင့် သန့်ပြန့်ရုံသာမက တောက်ပ အရှိန်အဝါတွေပါထွက်နေသည်။

ရွာလမ်းထဲ ဖြတ်လျှောက်ကြတဲ့အခါ လုံမပျိုလေးတွေရဲ့ အကြည့်နှင့် ခိုးခိုးခစ်ခစ်ရယ်သံတွေအားလုံး မဟာ က သိမ်းပိုက်သွားသည်။ ဥသြ မခံမရပ်နိုင်ဖြစ်ကာ မဟာ အား ရန်တွေ့တော့သည်။

"ခင်ဗျား ဘာဖြစ်နေတာလဲ။''

"ဟင် ကိုယ်ဘာဖြစ်လို့လဲ။''

မဟာ က သူ့ကိုယ်သူ လက်ညှိုးပြန်ထိုကာ ဘာမှမသိသယောင်ဖြင့် မေးခွန်းပြန်မေးသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now