Part 21💛

1.6K 123 0
                                    

မဟာ အိပ်နေတုန်း မျက်နှာကို လာထိတွေ့တဲ့ အထိအတွေ့ကြောင့်နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း အရမ်းပျော်ရွှင်နေတဲ့ ဥသြ မျက်နှာလေးအား တွေ့လိုက်ရသည်။ ချစ်ဖို့ကောင်းလွန်းတာကြောင့် လက်လှမ်းလိုက်သော်လည်း ဥသြ က တခစ်ခစ် ရယ်ကာပြေးထွက်သွားသည်။

မဟာ လည်း ရယ်ကာ အိပ်ရာမှထထိုင်လိုက်ပြီး မျက်နှာသစ်ရန် ရေခွက်နှင့် မျက်နှာသုတ်ပုဝါယူကာ သီချင်းလေး တညီးညီးနှင့် အောက်ထပ်ကိုဆင်းလာသည်။ ချိုင့်လေးတွေကိုင်ကာ ရပ်စောင့်နေကြတဲ့ ရွှေရည် နဲ့ ဝင့်ဝါ က မဟာ့ ကိုတွေ့တဲ့အခါ တခစ်ခစ်နဲ့ မခို့တရို့ရယ်ကြလေသည်။

မဟာ လည်း မလုံလဲစွာမျက်နှာကိုပွတ်ကြည့်မိတော့ အိုးမဲများ။ ဥသြ လက်ချက်ပေ။ ခပ်မြန်မြန် မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်သော်လည်း ပိုပျံ့ကုန်ကာ မျက်နှာသုတ်ပုဝါတွင်လည်း အိုးမဲများပေကျံကုန်သည်။ မီးဖိုချောင်ကနေ ထွက်လာတဲ့ ဥသြ က မဟာ့ အား လက်ညိုးထိုးကာ အားရပါးရရယ်တော့သည်။

"မျောက် မျက်နှာမဲကြီး။''

ဝင့်ဝါ နဲ့ ရွှေရည် တို့ကလည်း မထိန်းနိုင်စွာ ရယ်လိုက်မိကြ၏။

"ဘာဖြစ်နေတာလဲ။ အူမြူးနေကြတာလား။''

မဟာ လည်း ရုပ်တည်နဲ့ ဟောက်လိုက်တဲ့အခါ ရယ်နေကြတဲ့ သုံးယောက်သား ငြိမ်ကျသွားသည်။ မဟာ လည်း မျက်နှာသစ်ရန် အပြင်ထွက်လာလိုက်သည်။ အိမ်အပြင် ခြေတစ်လှမ်းလှမ်းရုံသာရှိသေး၊ ခေါင်းမှ ရေလောင်းချခံလိုက်ရ၏။

အပေါ်ထပ်မှ ထင်လင်း က ရယ်ရင်းရေပုံးပါလွတ်ကျသွားပြီး မဟာ့ ခေါင်းပေါ် ဒေါင်​ဆိုသည့်​အသံနှင့်​အတူ ပြုတ်​ကျလာသည်​။ မဟာ ​ဘေးတွင်​​တွေ့သည့်​ သစ်​ကိုင်း​ခြောက်​တစ်​ခုကို ​ကောက်​ကာ ဥသြ ​နောက်​လိုက်​​တော့သည်​။ ဥသြ အ​ပေါ်ထပ်​တက်​​ပြေးတာ​ကြောင့်​ ထင်​လင်း နှင့်​ပါ​တွေ့ပြီး ထင်​လင်း ကိုပါလိုက်​ရိုက်​သည်။

''အစ်​ကိုကြီး မှားမယ်​​နော်​။ ကျ​တော်​ က ခင်​ဗျားတပည့်​မဟုတ်​ဘူး။ ကယ်​ကြပါအုံး။ ကြွက်​စုတ်​တစ်​​ကောင်​ လိုက်​ရိုက်​​နေပါတယ်​ဗျို့။"
###

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now