ငါးစိမ်းတန်းဖြစ်နေတာကြောင့်အနံ့ကညှီှစို့စို့
"ဟဲ့ ညှို့အား ညည်းအမေရော "
အသက် ၈နှစ်သာရှိပေမယ့် လူကောင်ထွားသော ကလေးမလေးက ပြန်ကြည့်တာပေစောင်းစောင်း
ငါးခုတ်နေတဲ့လက်တစ်ဖက္မှာသွေးချင်းချင်းပေကျံနေတဲ့ လက်နဲ့ ဆံပင်သပ်တင်ရင်း
"အမေမရှိဘူး"
တိုတောင်းတဲ့အဖြေတစ်ခုပဲထွက်လာပြီး ငါးပြန်ခုတ်နေဝောာ့
"ဟဲ့ ငါလှမ်းကြည့်တုန်းက ညည်းအမေရှိတယ်နော် ၊ပြီးတော့ညည်းအရွယ်နဲ့ ဘယ်သူမှဆိုင်မထိုင်ခိုင်းဘူး ၊ညည်းအမေ နှစ်လုံးကြွေးတွေ မပေးချင်လို့ဆိုတာငါသိပြီးသား"
"အဲ့ဒီတော့ ဘာဖြစ်ချင်လည်း"
ဓားမကိုင်ပြီး တစ်လုံးချင်းစီမေးလိုက်သောသူမပုံစံကြောင့်
"အမလေး အရပ်ကတို့ရဲ့ ကြားလို့ကောင်းကြသေးရဲ့လား ဟောဒီ့ လက်တောက်လောက်လေးက လူကို ဓားကိုင်ပြီးခြိမ်းခြောက်နေတာတဲ့တော်တို့ရေ"
ပြဲလန်သောအသံကြီးကြောင့် အားလုံးဆူညံသံတွေရပ်ပြီး "ညှို့အားတို့ "ဘက်ကို စူးစိုက်ကြည့်လာကြသည်။
"ဘာတွေဖြစ်ပျက်သွားတာတုန်းအဘွားကြီးရဲ့ မခုတ်မှမခုတ်ရသေးတာ"
"အမလေး လေး ညည်းက ကျုပ်ကိုပါခုတ်ဖို့စဉ်းစားထားတာလား"
"မပြောတတ်ဘူး ဘေးမှာပူညံပူညံလာလုပ်တာလောက် မုန်းတာမရှိဘူး ၊ထပ်ပြောရင် တကယ်ခုတ်မယ်"
အကြွေးလာတောင်းတာကိုယ်ပေမယ့် ပြောနေတဲ့ကလေးကလက်ရဲဇက်ရဲပုံစံ
သူ့အကြွေးမရခင် ကိုယ်အရင်ထိခိုက်မှာတော့အနည်းငယ်လန့်သွားသည်။"ဟို ဒေါ်တုတ် ကျွန်မတောင်းပန်ပါတယ် ကျွန်မဈေးအိမ်သာခဏသွားနေလိုက်လို့ပါ"
ဘယ်ဆီကထွက်လာတယ်မသိသော ညှို့အားရဲ့ မိထွေး "စံပင်တင်မွှန်း "
"အေး ညည်းသမီးက ဘယ်လိုဖြစ်ပြီးရိုင်းစိုင်းနေလည်းတွေ့လား"
"ကျွန်မတောင်းပန်ပါတယ် ကျွန်မ နှစ်ရက်စာထိုးထားတာ အရင်ဆပ်ပါ့မယ် နောက်ရက္မှ ...."
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...