part -32

12K 444 32
                                    

"ဘာလို့ထားသွားတာလည်း"

"ထားသွားခဲ့တာမဟုတ်ပါဘူး ကလေးရယ်"

ဘွားမျက်နှာဟာပြိုတော့မယ့်မိုးလို မှိုင်းညို့နေပြီး အန်တီအေးကတော့ တဖက်လှည့်နေခဲ့သည်။

"လွမ်းနေတာ အရမ်းလွမ်းနေတာမို့
ပြန်လာပါ"

သူမငိုရှုကိရင်း ဘွားကိုလှမ်းဖက်္မိတော့ မမိဘဲရှိနေကာ

"ဘာ ဘာလို့ဖက်လို့မရတာလည်း အရင်လို ဖက်ပေးပါဦး!!""

"အဘွားကြိုးစားကြည့်တယ်မရလို့ပါကွယ်"

"အန်တီအေး သမီးကို စိတ်ဆိုးနေတာလား
အမြဲရင့်ရင့်သီးသီးပြောခဲ့မိလို့လေ"

အန်တီအေးက ဒီဘက်လှည့်မလာပဲ နောက်ခိုင်းက တသိမ့်သိမ့်ရှိုက်ငိုနေသည်။

"ဒီ‌တစ်ခါကောင်းကောင်းဆက်ဆံပေးမှာမို့ ပြန်လာခဲ့ပါ ၊ အရင္လိုမဆိုးပဲ နေမယ်လေ
အဟင့် ဘွားဖက်ပေးတာကိုလည်း
ရူးလောက်အောင်ပြန်လိုချင်တယ်၊
အန်တ‌ီအေး အငတ်ခံပြီး လာလာကျွေးတဲ့ ညစာတွေကိုလည်း စားချင်သေးတာမို့ ပြန်လာခဲ့ပါ!!!!!!''

အန်တီအေးနဲ့ ဘွားဟာ သူမစကားသံအဆုံးမှာ ချုံးပွဲချငိုရင်း အိမ်ရဲ့ နောက်‌တစ်နေရာကို
အသံတိတ်လက်ညိုးထိုးပြနေသည်။
ဘာအဓိပါယ် လည်းဆိုတာမသိပေမယ့် အဲ့နေရာဟာတော်တော်လေး အရေးပါမယ်ဆိုတာ ရိပ်မိကာ

"အင်း သွားမယ္ အဲ့ဒီနေရာကို သွားမယ်"

"ဒါမယ့် ဘွား!!!''

သူမပြန်လှည့်ကြည့်တော့ ဘွားရော အန်တီအေးပါမရှိတော့

"ဘွား!!!!!အန်တီအေး!!!''

သူမအသံကုန်ကျုံးအော်သည်။ဒါပေမယ့် သူမရဲ့အသံကထွက္မလာ

"ပြန်လာပေးပါ!!!!''

"တောင်းပန်ပါတယ် အဟင့် ခဏလောက်ဖြစ်ဖြစ် ပေါ်လာပေးပါ"

သူမအကြီးကျယ်ငိုရှိုက်ရင်း လက်ထောက်ထိုင်ချမိလိုက်သည်။လက်ကောက်၀တ်ကတင်းကနဲဖြစ်သွားတော့ အကြည့်တွေကထိုနေရာစီ

ရွှေလက်ကောက်လေးက သူမလက်္မှာ လှပတင့်တင်စွာရှိနေသည်။တကယ်ပဲ ဒီလက်ကောက်လေးက ထူးဆန်းနေတယ်မဟုတ်လား....

villain the who care of love  (Completed)Donde viven las historias. Descúbrelo ahora