part -37

11.9K 465 19
                                    

"ရှင် ဘယ်အချိန်ထိ အိမ်ထဲမှာပဲ ချုပ်နှောင်ထားနေမှာလည်း!!!'

"မင်းအချိုးပြေတဲ့အထိပေါ့"

ဝိုင်ခွက်‌ကိုအသာချရင်း အကျီကြယ်သီးတစ်လုံးစီဖြုတ်ပြီး ငေးကြည့်နေပုံက မုန်းဖို့ကောင်းလောက်အောင် ကြည့်ကောင်းနေသည်။

"ငါအရုပ်မဟုတ်ဘူး တခြားမိန်းမတွေလို ကိုင်တွယ်ရလွယ်တယ်မှတ်နေလား"

"ငါ့ဘ၀မှာ ပတ်သတ်ဖူးတာ မင်းပဲရှိတယ်"

"အဟွန်း နင့်စကားငါယုံမယ်မှတ်နေလား!!!''

"မုန်းလို့ပဲဖြစ်ဖြစ် ချစ်လို့ပဲဖြစ်ဖြစ် မင်းငါနဲ့ပဲပတ်သတ်ရမယ္"

"မနေ့ညကထွက်သွားတယ် ငါတစ်ညလုံးဖျားနေခဲ့တယ် ၊ဒီလိုမနက်ပြန်ရောက်လာပြီး သွားခွင့်ပိတ်ပင်တယ် ‌ပြောလိုက် !!!နင်ဘာဖြစ်ချင်နေတာလည်း"

မပြောမဆို သူမနားရုတ်ချည်းရောက်လာပြီး
ဆွဲသား ခြုံပဝါလေးကိုဆွဲချွတ်လိုက်တော့
အနီကွက် အမှတ်သားလေးတွေက
လက်တစ်လုံး အကျီအဝါလေးထက္မှာ
ဆွဲမက္ဖွယ်ပေါ်ထွက်လာသည်။

"ဟင် ရှင်!!!!''

"ဘာဖြစ်ချင်နေတာလည်းဆိုတော့
ပိုင်ဆိုင်ချင်တယ်"

ညှို့အားက အတင်းခြုံပဝါလေးကို ပြန်ဆွဲယူတော့ လွှတ်မပေးသေးပဲ

"မင်းဒီလောက်လှနေတာ အပြင်မှာ
ရည်းစားဟောင်းနဲ့ ပလူးပလဲနေဖို့ အချိန်ရနေသေးတယ်ပေါ့"

"စတွေ့ထဲက ငါ့ကိုဆေးမကုဘဲ ပစ်ထားလိုက်ပါလား အခုငါ့လုပ်ရပ်ကိုလိုက်ပိတ်ပင်နေတာ စိတ်ချမ်းသာရဲ့လား"

"မနေ့က ကလောသွားဖို့တောင် ခရီးစဉ်နောက်ကြောင်းပြန်လှည့်ပြီး ငါ ဘား မှာပဲရှိနေခဲ့တာ ၊ မင်းသွားမယ့်လမ်းကြောင်းတိုင်း ငါ မပါမှ ဖြစ်မယ်ဆိုတာက ပုံစံမကျဘူး"

"စိတ်ပျက်လာပြီ!!!''

"ဘာ!!!''

"စိတ်ပျက်လာပြီလို့ ဒီအခြေနေကြီးကို ငါထင်ရာလျောက်လုပ်မှ နင်စိတ်ဆိုးမပြနဲ့!!!''

ပြောပြီး ချာခနဲလှည့်ထွက်လိုက်တော့ devil က ညှို့အားလက်ကို ဆွဲယူလိုက်ပြီး နောက်ကနေ အတင်းကျပ် သိုင်းဖက်ကာ

villain the who care of love  (Completed)Hikayelerin yaşadığı yer. Şimdi keşfedin