"အခုချက်ချင်းသတ်ပေးစမ်း!!!!!""
"ဟ ဘာတွေအော်နေတာလည်း မင်းပဲသူနဲ့ပျော်ပါးဖို့ ရောင်းစားဖို့ပြောထားတာပဲ"
"မရဘူးး အခုသတ်ပေးရင် နှစ်ဆ ပေးမယ် နှစ်ဆ!!!""
မျက်လုံးတွေက ပြူးကျယ်နေပြီး အရူးတစ်ယောက်လို အော်ဟစ်နေပုံက တကယ့်ကို အထိတ်တလန့်
ရေတွေစိုနေတဲ့ကြားက မဲ့ပြုံးနဲ့ ညှို့အားရဲ့ မျက်၀န်း တောက်တောက်တွေက သူမကို အရူးတစ်ယောက်လို ကြောက်လန့်စေပါ၏။
",နှစ်ဆဆိုလည်း ငါစိတ်မ၀င်စားဘူး ငါ့လက်ထဲငါဘာလုပ်လုပ် ညည်းဝင်မပါနဲ့တော့ စရံပဲရှိသေးတဲ့အတွက် ပိုက်ဆံအပြည့်၀လွှဲပေးပါ မလွှဲနိုင်ရင် ဒီနေရာမှာ ညည်းရောက်လာလိမ့်မယ်"
လူမိုက်ပါး၀နေတဲ့ နောင်ချိုဟာ ရိုးရာကို အကျပ်ကိုင်လိုက်တာကြောင့် သူမဟာ ဘာမှပြန်မပြောနိုင်ပဲ ငူငူကြီးဖြစ်သွားရသည်။
ဖုန်းချသွားလိုက်ပေမယ့် ဖုန်းကိုကိုင်ရင်း တဖြည်းဖြည်းလျောထိုင်ချမိကာ လက်တွေကအဆမတန်ထုံကျင်လာသည်။သူမအသက်ရှင်နေသရွေ့သူမကိုထိခိုက်နိုင်သည်။ အတိတ်မမေ့ဘူးဆိုတော့ ဘယ်အချိန်ထဲကသတိရနေတာလည်း
ဆုံးရှုံးစရာဘာမှမရှိတော့ဘူးဆိုတာ ဘာကိုဆိုလိုချင်တာလည်း???...............
"နဲနဲမှမကြောက်တတ်ပုံပဲ သတိ က!!!''
"အဟွန်း ရှင်တို့အမဲဝိုင်းဖျက်ဖို့လုပ်နေရင်တောင် ကျွန်မကပြိုလဲကျမသွားဘူး!!""
"ဘယ်လိုတောင်ရူးမိုက်ပြီး အာခံရဲတာလဲ???"
"နှလုံးသားထဲမှာ တွယ်တာစရာမရှိတဲ့နေ့
အနှောင်ဖွဲ့မရှိတဲ့နေ့ဟာ အဆုံးထိရူးမိုက်လို့ရတဲ့နေ့ပဲ""ဟားဟား စကားတွေကတော့လှပါရဲ့ ဒါပေမယ့် မင်းရဲ့ကောက်ကြောင်းတွေကပိုလှတယ်"
"ရှင်လူရွေးမှားသွားပြီ"
"အဟားဟုတ်လား ဘာလို့!!!!'
"ဝုန်း!!!!!""
ခြေထောက်ဖြင့် ရှေ့တိုးလာတဲ့ နောင်ချိုရဲ့ အဓိကနေရာကို ထကန်လိုက်တော့ နောင်ချိုဟာ စူးဝါးစွာအော်ရင်း လဲကျသွားသည်။
ဘယ်သူကထင်မှာလည်း စကားအေးဆေးပြောပြီး သူ့လူတွေ ချုပ်နှောင်ထားသည့်မိန်းကလေးက ထကန်နိုင်မယ်လို့
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...