part-46

12.6K 523 60
                                    

"အရမ်းရက်စက်လွန်းတယ်မထင်ဘူးလား"

ကွဲအက်သောလေသံတိုးတိုးက တိတ်ဆိတ်နေသော အခန်းငယ်မှာ  အက်ရှစွာပေါ်ထွက်လာသည်။ သူ့မှာ ဒီစကားအတွက် အဖြေမရှိ

"ငါဘာမှမဖြေနိုင်ဘူး"

"မဖြေလို့မရဘူး အကိုရဲ့ အကိုလုပ်ပုံက ဇနီးမယားတစ်ယောက်ကို ရစရာမရှိအောင် ဂုဏ်ငယ်အောင္လုပ္နေတာ ရောသိရဲ့လား"

သူ့လက္မောင်းတွေကို လှုပ်ကိုင်ရင်း ရိုးရာကယူကြုံးမရစွာ ငိုသည်။ ဆံပင်တွေကလည်း တင်ပါးဖုံးတာမို့ အင်ပါယာ ရှေ့ ထိုင်ချလိုက်တော့ ကြမ်းပြင်မှာ အထွေးလိုက်ဝဲပုံကျနေသည်။

"မင်းကရော ဇနီးမယားတစ်ယောက်လို နေခဲ့ဖူးလို့လား ညှို့အားကို မင်းဘာတွေလုပ်ခဲ့သေးလဲ"

"လာပြန်ပြီ!!!တစ်ခါလာလည်း ညှို့အား တစ်ခါလာလည်း ညှို့အား ရာရာ နဲ့ ကလေးအကြောင်း နည်းနည်းလေးတောင် မမေးဘူးမလား"

"မနေ့ထဲက မင်းဘာမှစိုးရိမ်စရာမရှိတော့တာ သိထားတယ် ဒီမယ်ရိုးရာ ငါလည်း ငါ့အပူနဲ့ငါ မင်း ဒီရက်ပိုင်း ဆင်ဆင်ခြင်ခြင် နေစမ်းပါ"

"ရာရာက ကိုယ္၀န်နဲ့ပါအကို နဲနဲလေးဖြစ်ဖြစ်!!!'

"မင်းမေမေပျောက်နေတာ ငါ့ကိုဖုံးကွယ်ထားတယ်၊ညှို့အားကို မင်းရက်စက်တယ် ဒါတွေက မင်းကို ပိုကြီး‌ေြကာက်စရာကောင်းလာစေတယ်၊ မင်းသိလား ဒီရက်ပိုင်း မင်းရဲ့ပုံရိပ်ဟာတဖြည်းဖြည်းပြောင်းလဲနေတယ်ဆိုတာ"

"မဟုတ်ဘူးအကို ရာရာ ...ရာရာ ပြင်ဆင်ပါ့မယ် နော်!!! နော်..အကို ပြီးတော့ ရာရာတို့နှစ်ယောက်လုံး သူတို့လင္မယားကို ကွဲစေချင်နေတာပဲလေ ဟုတ်တယ်မလား???"

"အေး ကွဲစေချင်တာ ငါကညှို့့အားကို ပိုင်ဆိုင်ချင်လို့ မင်းက သူ့ဘ၀ကို ထပ်မံဖျက်ဆီးဖို့"

"အကို!!!!!အခုသူလုပ်လို့ ရာရာ့ဘ၀ကရော? ရာရာ့ဘ၀လည်းစုတ်ပြတ်သတ်နေတာပါ!!!''

"မင်းဘာသာဆေးကျောင်းတကိပြီး အေးဆေးနေလို့ရတာကို ငါ့ကိုအပိုင်ဖမ်းပြီး ငွေဘုံ တက်ထိုင်ခဲ့တဲ့အထိ မင်းစွမ်းဆောင်နိုင်သေးတာပဲ ၊ဘ၀ကို ပြန်တည်ဆောက်ဖို့က မင်းဘ၀အတွက် အလွယ်လေးပါ"

villain the who care of love  (Completed)Donde viven las historias. Descúbrelo ahora