"ဘာလို့ ကို့ကို ပစ်ထားတာလဲ"
ဖုန်းစခေါ်တာနဲ့ အပစ်တင်စကားဆိုလာတဲ့
အင်ပါယာ
တီတီတာတာပုံစံလေးပြောနေတာကြောင့် တော်တော်လေး နား၀င်ချိုနေသည်။"ပြသနာတွေရှိနေလို့"
"ဘာတွေဖြစ်လည်း ကို့ကိုယ်ပြောလေ ကိုယ်တို့တူတူဖြေရှင်းမယ်"
"အင်းပါ"
"ကို့မေမေလည်း အဲ့နေ့ကသောင်းကျန်းတာ အပြင်မထွက်ရဘူးဘာညာနဲ့
ကိုကတော့
မင်းလေးကို သတိလည်းရတယ် ၊မတွေ့ရပဲလည်းမနေနိုင်ဘူး""အဆင်မပြေတာတွေ လက္မခံဘူးနော်
ညှို့အား တို့ကြားမှာဘယ်သူမှ၀င်လို့မရဘူး""အဲ့လို ပြောရဲဆိုရဲ သတိ ရှိတာလေးကို သဘောကျတာ"
"အပြင်မှာတွေ့ရအောင် ကိုလွမ်းနေပြီ"
"ကောင်းပြီလေ တွေ့ကြမယ်"
သူမရဲ့အပြောတွေမကျေညက်ပေမယ့် လေသံကတော့ အတော်လေးနူးညံ့နေသည်။အချစ်နဲ့တွေ့ရင် အရာရာတိုင်းဟာ
ကဗျာဆန်နေသလိုလို.......ချိန်းထားတဲ့နေရာရောက်တော့ အင်ပါယာ ကားမပါလာ၊ သူ့အမေမသိအောင်ခိုးထွက်လာရတဲ့ပုံပင်၊ ဒီလိုအဖြစ်သည်းပြလေ
သူမက ပိုပတ်သက်ချင်လေပင်။"ညှို့အား ကိုတို့ ဆိုင်တစ်ခုခုထိုင်ရအောင်"
အငှားကားစီးလာရတာတောင် အင်ပါယာ့ပုံစံကတော်တေယ်လေးပင်ပန်းနေသည်။ မျက်နှာလေးတွေ လက်လေးတွေဟာ ပန်းသွေးရောင်ထနေပြီ အပြုံးချိုချိုတွေကတော့
သူမအတွက် တနင့်တပိုးသယ်ဆောင်လာပေးသည်။နဖူးစပ်ပေါ်ကချွေးလေးတွေသုတ်ပေးလိုက်တော့ သူမလက်ကလေးကို ယူပြီး နမ်းရှိုက်လိုက်သည်။ကြည်ပြာရောင် အကျီလေးက
ခါးတိုသာသာရယ် ၊ ဂျင်းစကပ်ပေါင်လယ်လောက်ကလေး ၀တ်ထားပေမယ့် ရိုင်းမနေဘဲ ချစ်စဖွယ်ဖြစ်နေသည်။
သူမပုံစံလေးက တစ်ခါတစ်လေ ချစ်စဖွယ်၊ တစ်ခါတစ်လေ ယစ်မူးချင်စရာကောင်းလောက်အောင် ညှို့အားပြင်းလှသည်။"ဟိုနားကအရိပ်ရတဲ့နေရာလေးမှာထိုင်မယ်လေ ကို မောနေရောပေါ့"
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...