"အခုချက်ခြင်း မေမေ့ကို တောင်းပန်ပေးပါ"
"မတောင်းပန်နိုင်ဘူး"
"အကြောင်းပြချက်က?"
"သူ ညှို့အား သည်းမခံနိုင်တဲ့အရာကို လာပြောခဲ့တာလေ"
"အဲ့ဒါနဲ့ပဲ လူကြီးတစ်ယောက်ကို မင်း ရေနဲ့ပက်စရာလား ၊ငါ့မျက်နှာ နဲနဲလေးတောင် မငဲ့ဘဲနဲ့လေ"
"ငဲ့နေလို့ ရေနဲ့ပဲပြီးတာ"
"ညို့အား !!!!""
သူ့အော်သံက ဘေးနားခုံတန်းရှိ အတွဲတချို့တောင် လန့်ဖြန့်ကုန်၏။ အသားတွေတဆ်ဆတ်တုန်နေပြီး နဖူးကို လက်ဖြင့်ထိန်းကာ
ခုံပေါ်တအိအိထိုင်ချရင်း"ဘာလို့အဲ့လောက်တောင် ရိုင်းစိုင်းနေရတာလဲ"
"ကနဦးထဲက ရိုင်းစိုင်းနေခဲ့တာလေ ၊သေချာပေါက်လည်းသိထားရဲ့နဲ့"
"ဒီလောက်ကြီး အထိတော့ မထင်ထားခဲ့ဘူး၊
ညှို့အား ကိုနဲ့ လွဲရအောင် သက်သက္များလုပ်နေတာလား ၊မေမေ့ကိုရော အဲ့လောက်တောင်မုန်းနေလား""ဘ၀တစ်ခုမှာ ရှင်သန်ပုံခြင်းမတူကျဘူး၊
အထူးသဖြင့် အသက်နဲ့အလောင်းစားလုပ်ပြီး ရှင်သန်လာရတဲ့ကျွန်မက ပိုဆိုးတယ်""ရှင်သန်ပုံခြင်း မတူတာနဲ့ပဲ မိုက်ရိုင်းခွင့်ရသွားရောလား ညှို့အား မင်းကအရမ်းဆိုးလွန်းတယ်"
"ကျွန်မလုပ်ရပ်ဆိုးတာသိတယ် ၊ဒါပေမယ့် ကိုယ့်လုပ်ရပ္တိုင်း ဘယ်တော့မှ နောင်တမရဘူး"
"မင်း နဲ့ မေမေကြားမှာ ကိုယ်ဘယ်လိုရှင်သန်ရမလည်း"
"မာမီ့အတိုင်းပဲ"
"ဘာ!!"
"မာမီ့အတိုင်းပဲလို့"
"ဘာဆိုင်လို့လည်း"
"ကျွန်မဘာလုပ်လိုက်တယ်ဆိုတာပဲသိတယ် ၊ဘာကြောင့်လည်းဆိုတာအရင်မမေးဘူး၊
ပြသနာတိုင်းမှာ အဖြေရှိတယ် ၊ဇစ်မြစ်ရှိတယ်၊ အာ့တာကို အဖြေမရှာပဲ ဘာလို့လည်း""မင်းမှားသွားပြီ မင်းကိုချစ်ပေမယ့် ငါ့အမေကို ဒီလိုအရှက်ခွဲတဲ့ မင်းလုပ်ရပ်ကို
ငါ့ခွင့်မလွှတ်ဘူး"
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...