part-40

11.7K 435 19
                                    

"မင်းအဆင်ပြေလား"

ရိုးရာမျက်၀န်းတွေက ၀မ်းသာသွားသည့် ပုံစံလေးဖြစ်ကာမျက်ရည်ကြည်လေးတွေပါဝေ့ဝဲသွားပြီး

"ဟုတ် သက်သာပါတယ်အကို"

"မင်းမှာကိုယ်၀န်ရှိနေတယ်"

"ရှင်!!!!!!!''

"ဟုတ်တယ် ‌မင်းသတိလစ်နေခဲ့တာ ဘယ်လောက်ကြာကြာဒီတိုင်းရှိနေခဲ့လည်းမသိဘူး"

ဒါဆို သူမကိုယ်၀န်ရတာကြောင့် အင်ပါယာ နူးညံ့လာတာပေါ့၊ ဟင့်အင်း သူမလိုချင်တာဒီလိုမဟုတ် ဒါပေမယ့် သူမအတွက် ကိုယ်၀န်က အခြေနေသစ်တွေကိုတော့ ဖန်တီးပေးနိုင်‌လေမည်။

"ဟုတ်တယ် ရာရာ အခု မူးနေ‌သေးတယ်"

မူးမနေတော့ပေ‌မယ့် နားထင်နားအသောက်ထောက်ရင်းပြောလိုက်တော့

"အင်း ဘာစားချင်လည်း ပြောလေ ကိုယ်၀ယ်ပေးမယ်၊ပြီးတော့ အခန်းခွဲမနေနဲ့ အခန်းတူတူသုံးလို့ရတယ်"

"ဟုတ် တကယ်နော်အကို "

"အင်း ဒါပေမယ့် မင်းအပေါ်လစ်လပ်တဲ့တာ၀န်ကိုယ်ယူမှာပါ ၊ကျန်တာကတော့ ကိုာ်မလုပ်ပေးနိုင်သေးဘူး"

"ရပါတယ်အကို ကျောငိးသွားတော့လေ ရာရာ ခနနားမယ်"

"မင်း အတွက် စားစရာသွား၀ယ်ပေးမယ်လေ"

"နေပါ့စေ ရာရာသက်သာနေပြီ နော်ကျောငိးသွားတော့"

အင်ပါယာ ထွက်သွားတော့မှ ခေါင်းအုံးအောက်ကဖုန်းကိုအသည်းသန်ထုတ်ယူရင်း ဒေါ်အိုစာကို ဖုန်းလှမ်းဆကိလိုက်ရသည်။
ဒေါ်ယဉ်ကျေးမွန် လွတ်သွားလို့မဖြစ်

"ဟဲလို ဒေါ်အိုစာ"

"ဘာ!!!!!နင် စောင့်နေ ခနနေ ငါထွက်လာမယ်"

ကြားလိုက်ရတဲ့သတင်းက ရင်၀စောင့်ကန်သည့်နှယ်
ထိုစဉ်

"အန်တီ၀င်လာလို့ရလား??"

"ရှင် ဟုတ် ဟုတ်"

ဖုနး်ကို အလျင်စလိုပိတ်လိုက်ရင်းရိုးရာ မျက်နှာကို ဟန်မပျက်နေလိုက်သည်။
မေမေ မရှိတော့တာလည်း အန်တီ သိလို့မဖြစ်သေး တလှေထဲစီးပေမယ့် ရိုးရာ ဒေါ်ရိုစီကို မယုံ

villain the who care of love  (Completed)Où les histoires vivent. Découvrez maintenant