ခလုတ်ထိမှ အမိတတဲ့
ခလုတ်ထိတာတောင် အမိမတခဲ့တဲ့ ညှို့အားကို သူမ ဘယ်လိုအင်အားနဲ့ ရင်ဆိုင်ရပါမည်နည်း။
တမင်သက်သက် လုပ်တာမဟုတ်ရပါဘူးဆိုတာကို ပြောချင်ပေမယ့် စကားလုံးတွေက ဝူးဝူးဝါးဝါးအဖြစ်ပဲ အကျည်းတန်စွာထွက်လာခဲ့သည်။ဖြေရှင်းချက်ပေးဖို့လုပ်တိုင်း အပေးမခံပဲ ဒီသမီးကို ရိုက်နှကိခဲ့တဲ့ ဒဏ်က ရင်၀ကိုမီးစနှင့်ထိုးသည့်နှယ်...၊
"မေမေရယ် နဲနဲဖြစ်ဖြစ်စားပါဦး"
ပါးစပ်အတွင်းရောက်လာတဲ့ ဆန်ပြုတ်
ဖွေးဖွေး က သူမအတွက် ရွံစရာသဖွယ်ပါးစပ်ကနေ သရေအဖြစ်ပြန်ကျလာတော့ ရိုးရာမျက်နှာကွက်ခနဲ၊ ဒ့ါပေမယ့် ခဏလေးရယ် ချက်ခြင်းမျက်နှာကိုပြန်ပြင်ကာ
ကြည်စင်သောအပြုံးဖြင့် လက်သုတ်ပဝါလေးနဲ့ ခပ်ဖွဖွသုတ်ပေးနေသည်၊ ဒါကိုလည်း သူမမြင်ဖြစ်အောင်မြင်လိုက်သည်၊သွေးတွေစောင့်တိုးပြီး
လေတစ်ခြမ်းဖြတ်သွားတာကြောင့် သူမစကားလည်းကောင်းကောင်းမပြောနိုင်သည့်အပြင် လမ်းလည်းမလျောက်နိုင်၊စိတ်ခံစားချက်လည်း ပိုနုနယ်ကာ ငိုလိုက် ရယ်စရာတွေ့ရင်ရယ်လိုက် နှင့် နေ့ချင်းညချင်း မာနတံခွန်စိုက်နေသည့်မိန်းမဟာ ဤအဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့သည်။
"မေ့ မေ့....ရော"
"ဪ ဘွားက မနေ့ကမနက်ထဲက စစ်ကိုင်းတရားအားထုတ်မယ်ဆိုပြီး ထွက်သွားတယ်လေ"
"အဟင့်!!"'
"မငိုပါနဲ့မေမေရယ် ခဏသွားတာပဲဟာ သမီးပြန်လိုက်ခေါ်ပေးပါ့မယ်"
"တမီး တ တမီး"
"ဒီမှာလေ မေမေ"
ခေါင်းကိုအရူးတစ်ယောက်လို တဆတ်ဆတ်ခါရင်း
"ဟုပူး တမီး ....ည ညှို့ !"
"ဪသူက နဲနဲဒဏ်ရာရသွားလို့ ဆေးလိမ်းပေးနေရတယ်။ သူ့အတွက္မပူပါနဲ့"
"ပို့။ ပို့.....!!!!''
"နေကောင်းမှဖြစ်မှာပေါ့မေမေရယ် နေ့ပါစေ သူလည်း တအားဖြစ်တာမှမဟုတ်တာ"
KAMU SEDANG MEMBACA
villain the who care of love (Completed)
Fiksi UmumStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...