part-44

11K 440 22
                                    

"ညှို့အား!!!!"

"အော် ဒီဘက်!!!'

ရှင်းလင်းတိတ်ဆိတ်သော ကော်ဖီဆိုင်တစ်ခု ၊အနောက်တိုင်းတေးဂီတကို ခပ်ငြိမ့်ငြိမ့်လေးဖွင့်ထားပြီး အထပ်မြင့် အဆောက်ဦးမို့ ကားတန်းလေးတွေကို ပြတင်းပေါက်ကနေ သေးငယ်စွာမြင်နေရသည်။ ဒီ view လေးကို အရသာခံကြည့်ရင်း အင်ပါယာ ၀င်ရောက်လာတာကို လက်လှမ်းပြလိုက်သည်။

ပန်းစည်းဖြူဖြူတွေကို ကိုင်ဆောင်ရင်း
မင်းသားတစ္ယောက်လို မှုံနေအောင်ချောနေပြီး ဖြူစင်ရှင်းသန့်နေကာ လူပျိုလူလွတ်တစ်ယောက်ကဲ့သို့ ကြွရွစွာ လျောက်လှမ်းလာသည်။

ညှို့အား ရင်ထဲမှာတော့  ရွံ့ရှာအထင်သေးစိတ်သာရှိနေခဲ့ပြီး မျက်နှာပေါ်မှာတော့ အပြုံးတု တစ်ခု ကိုသာပန်ဆင်လိုက်သည်။

"ရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး"

"ရော့ ပန်းလေးတွေကြိုက်္မယ်ထင်လို့ ၀ယ်လာခဲ့တာ"

"ကျေးဇူးတင်ပါတယ် အခုတလော ဒါမျိုးတွေ သဘောကျနေတာ"

"ဟိုနေ့ကပါတီမှာ ဆုံတာ ကို နောက်ကလိုက်ခေါ်သေးတယ်"

"ဟုတ်တယ် ကျွန်မလည်း
ပထမလာနှုတ်ဆက္မလို့ အရေးပေါ်ကိစရှိတာနဲ့ တန်းပြန်လာခဲ့ရတာ"

"အဆင်ရောပြေလား"

"အဆင်ပြေစ ပြုလာတယ်ပြောရမှာပဲ ဒါပေမယ့် အဟင့်!!!'

"ဟင် ဘာဖြစ်လို့လည်း ညှို့အား မငိုပါနဲ့ ဟင် ကိုဘာလုပ်ပေးရမလည်း"

သူမငိူချလိုက်တော့ ပြူးပြူးပြာပြာထဖြစ်သွားတဲ့ အင်ပါယာ

"ဘာမှမဟုတ်တော့ပါဘူး စိတ်အနှောင့်ယှကိ အဟင့် ဖြစ်သွားရင် တောင်းပန်ပါတယ်"

"မဟုတိတာကွာ စိတ်ညစ်စရာတစ်ခုခုရှိတာလား ကိုယ့်ကိုပြော ကိုယ်ဖြေရှင်းပေးမယ်"

"ရတယ် ကိုအင်ပါယာ ညှို့အား သူများအိမ်ထောင်ရေးကို နှောက်ယှကိတဲ့ သူ မဖြစ်ချင်ဘူး"

"ဘယ်လို"

"ညှို့အားတို့ရဲ့ ရင်းနှီးမှုကို ဒီမှာတင် ရပ်ပေးလို့ရမလား ဆိုပြီး ပြောချင်လို့ ခေါ်လိုက်တာပါ၊ ပြီးတော့ ညှို့အား အသက်ဘေးက ဒီလိုရပ်တန့်မှပဲ လွတ်တော့မှာမို့"

villain the who care of love  (Completed)Where stories live. Discover now