part-29

11.5K 457 61
                                    


"ဘုတ် !!!!""

"ဒါကဘာတွေလည်း"

"ဖတိကြည့်ပေါ့"

သူ့ကိုကြည့်လိုက်တော့ ရေချိုးပြီးခါစထင်တယ် ခေါင်းကရေတချို့ကစက်လက် ရှန်ပူနံ့သင်းသင်းကို ဆေးလိပ်နံ့က  ကလူနေလျက်၊
အသားရည်ဖြူဖြူစိုစိုက ၀တ်ထားသောအနက်ရောင် ရှပ်နှင့်ပနံသင့်စွာ ၊ကြယ်သီးလေးလုံးလောက္မတပ်ဘဲထားထားတော့
ရင်အုပ်ကျယ်ကျယ်တို့က မမြင်ချင်မှအဆုံး

လည်ပင်းမှာ ဆွဲကြိုးတစ်ခုဆွဲထားသည်၊ချိန်းကြိုးလိုလိုဘာလိုလိုနှင့်
စင်းကျနေသောမျက်၀န်းတွေက ‌သူမကိုစူးစူးရဲရဲစိုက်‌ကြည့်နေပုံကအမြင်ကပ်စရာ

မနေ့ထဲက သူပို့ပေးသော တိုက်ခန်ူးလေးမှာ သူမသောင်တင်နေခဲ့တာဖြစ်သည်။
လက်တိုလက်တောင်း လုပ်ပေးမယ့် အန်တီကြီးတစ်ယောက်ရယ်
ဆရာ၀န်လေးမိုးသက်ညှိုကတော့ ဆေးထိုးဆေးသောက်လုပ်ရမယ့်အချိန်ပဲလာကာပြန်သွားသည်။

အခန်းထဲမှာ အ၀တ်စားပန်းရောင်တွေကပြည့်လို့ ၊သူမနှင့်ပတ်သတ်တာ ဘာတစ်ခုမှမေးမြန်းလို့ရတဲ့ လူနဲ့ ပဲထားခဲ့တာ‌မို့ သူပြန်လာတာကိုလည်ပင်းရှည်မတတ်စောင့်နေခဲ့ရသည်။ ညဘက်နောက်ကျတော့မှ ပြန်လာသံကြားရပေမယ့် အိပ်ဆေးသောက်ထားရသော သူမအဖို့ ခေါင်းမထူနိုင်ခဲ့

မနက္မိုးလင်းတော့ ပန်းရောင် စာအိတ်တွေ အခုနှစ်ဆယ်လောက်ရှိမယ်ထင်သည်။
မနက်စာ စားနေသော စားပွဲ‌ခုံပေါ်သို့ ခပ်တည်တည်ပစ်တင်ရင်း ဆေးလိပ်သောက်ကာ သူမကို တမေ့‌တမောကြည့်နေသော ထိုလူဂွစာအား ပေစောင္စောင္ ကြည့်ရင်း

"ရည်းစားစာတွေ????""

"အင်း မင်းကျောင်းတက်တုန်းက ငါ့ကို ပေးထားတာ"

"ဘာ!!!!"

သေချာလေး သွားရလာရတာအဆင်မပြေသေးသောသူမကို ဒေါ်ပုတုကြီးက
ပန်းရောင်ဂါ၀န္လေး ၀တ်ဆင်ပေးထားပြီး ကျောလယ်ရောက်နေတဲ့ဆံပင်လေးတွေကို ပုံ့ပုံလေးထုံးပေးထားတာကြောင့် နုဖတ်နေကာ ချစိစဖွယ်

ဒါပေမယ့် ဘာ ဆိုသည့်အသံ မသိရင် သူမပုံစံနဲ့မှမလိုက် ဦးလေးကြီးတစ်ယောက် ထအော်သံနဲ့တောင်တူနေသေးသည်

villain the who care of love  (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ