အတန်းထဲမှာ ညှို့အား တစ်ယောက်ထဲတက်ရသည့်မို့ စိတ်ကသိပ်မပါ ၊လုံးကမသက်သာတာကြောင့် တစ်ယောက်ထဲ ဘက်ပဲ့သလိုခံစားရသည်။
စာသင်လို့သာပြီးသွားတယ် ဘာတွေသင်မှန်းလည်းတောင်မသိလိုက်၊ငုတ်တုတ်ကြီးအိပ်လိုက္တာကြောင့် တီချယ် ခေါင်းကို
လာခေါက္မှ နိုးတော့တယ်၊ပျင်းပျင်းရှိလှတာကြောင့် တစ်ကိုယ်တော်အတန်းလစ်ဖို့ကြိုးစားရင်း ကော်ရစ်တာကအထွက်
"အင့် "
"ဟ!"
"မင်းငါ့ကိုတစ်သက်လုံး ၀င်တိုက်နေမှာလား"
"ဘာရယ်"
"ငါ့ရင်ခွင်ထဲ၀င်တိုးရတာများကျေနပ်နေတာလား"
လာပြန်ပြီ ဒီလူပဲ အမြဲ၀င်တိုးနေလို့ ကိုယ်ကစိတ်တိုရမလားမှတ်တယ် သူကတစ်ပြန်ကြီး
"သေလိုက်"
"အမြဲဒေါသထွက်နေတာပဲနော် အာ့ကြောင့်အသက်နဲ့မလိုက်ရုပ်ကြနေတာ ၊ဆံပင်တိုကပ်ကပ်နဲ့အဒေါ်ကြီးဆိုဒ်"
လက်ခလယ်ထောင်ပြပြီး ထွက်လာလိုက်တော့ ရယ်သံသဲ့သဲ့ကကပ်ပါလာသည်၊
သူ့ကိုတွေ့လိုက်ရင္လူမိုက်ခေါင်းဆောင်လိုလို ဘာလိုလိုနဲ့ ၊
ကျောင်းသားနဲ့မတူဘဲ တကယ့်ဂျလေဘီစတိုင်၊တစ်ခါတစ်လေ ချိန်းကြိုးလိုလို ဘာလိုလို ဆွဲကြိုး၀တ်ဆင်ကာ အကျီဟကွဲဖြင့် ဆေးလိပ်သောက်နေရင် ကြေးစားလူမိုက်ပုံနှင့်တစ်ထေရာထဲ၊တကယ့်အမျိုးယုတ်"မင်းတမင်၀င်တိုက်ပြီး ဘာလို့ ရန်သွားစတာလည်း"
"နဲနဲပျော်စရာကောင်းလို့"
"လက်ခလယ်ထောင်ပြတာကို အရမ်းတွေသဘောကျစရာပါလို့လား devil"
"မင်း ရန်စွာတဲ့ကြောင်တွေတွေ့ဖူးလား??"
"အင်း "
"သူတို့ကို မခံရပ်နိုင်အောင်စဖူးလား"
"အမ် မစဖူးပါဘူး"
"အာ့ဆို ဆက္မမေးနဲ့"
"မင်းကလည်း ပြောပါကွာ ရှိကြီးခိုးပါတယ် မင်းလုပ်သမျှနားမလည်လို့ပါ"
"ကိုယ်မကျေနပ်တဲ့လူကို ရန်စရတာလောက်ပျော်ဖို့ကောင်းတာမရှိဘူး၊ငါဆို ငါနဲ့မတည့်ရင် ရန်စရတာသိပ်သဘောကျတာ"
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...