"ဘာရယ် ညှို့အား ညည်းဒါတွေဘယ်ကတတ်လာတာလည်း"
"မာမီ !!!"
အပြင်ကပြန်လာသည်ထင် ပါဆယ်အိတ်တွေက မနည်းမနော မွေးစားသမီးအတွက် အထုတ်တွေဖြစ်နိုင်တာမို့ အဲ့ဒါကိုကြည့်ရင်း ညှို့အား တစ်ချက္မဲ့မိသည်။
"ညည်းအဖေလို စရိုက်ကျတာ မျိုးဒီအိမ်မှာလာမလုပ်နဲ့"
".......""
"သမီး ကလေးခေါ်ပြီး အပေါ်တက်လိုက် ညှို့အားကို အမေပဲ ဆုံးမမယ်"
"မလိုဘူးအမေ ဒီဟာကို ကောင်းကောင်း ပညာပေးရမယ် ဒီအချိုးမျိုးလုံး၀လက္မခံဘူး"
"တော်ပါတော့အေ"
"နင်လာခဲ့ ဒီနားကို"
"အင်း"
အနားရှိ တံမြက်စည်းကို ယူလိုက်တာမို့ အဲ့ဒါနဲ့ ချတော့မည်မှန်း ညှို့အား ရိပ်မိပါသည်။
အန်တီ အေး ရော ဘွားရော ၀င်ပါလို့မရဘဲ စိတ်မကောင်းစွာ ကြည့်နေခဲ့လျက်"ဖြန်း !!!'
"ဖြန်း!!""ဖြန်း!!!"
ခြေသလုံးတွေ စပ်ကျိန်းကုန်တာ ထက်အောင့်သက်သက်ကြီး နာကျန်နေတာပိုခံရခက်၏၊ ဒါမယ့် အဲ့နာကျင်မှုက သူမအတွက် သိပ်တော့မပြောပလောက်
"နင့်လက်ကိုဖြန့် အဲ့လက်နဲ့ဆော့တာဆိုတော့"
"ဖြန်း ဖြန်း "
လက်အကြောတွေ ခံစားလို့မရသည်အထိ မာမီချနေခဲ့သည်။ဘွားလေးဝိုင်းဆွဲပြီး ငိုယိုတဲ့အထိ မာမီလက္မလျော့
လက်နာတာထက် မာမီ့ ချွေးပေါက်တွေ မျက်ရည်ပေါက်တွေကို ထိုင်ကြည့်နေမိသည်၊
သူမ ဖဲချတယ်ဆိုတာက အကျီ၀ယ်ပေးလို့
ပြန်ပေးဆပ်ချင်ယုံရယ်ပါ ၊ဒီလောက်ထိ ပြသနာဖြစ်မယ်ဆိုတာ မရိပ်မိခဲ့၊
ဒယ်ဒီသာဆို ဒီလို နိုင်လာရင် ပျော်ရွှင်နေကြ ၊မာမီက ဘာလို့ ဒေါသတကြီး ရိုက်နေရတာလည်း ကလေးအတွေးနဲ့ နားမလည်နိုင်ခဲ့အန်တီအေးမြ ပါဝိုင်းဆွဲမှ ပြသနာက ခဏတာ အေးချမ်းခဲ့သည်။ထိုနေ့ညက ညှို့အား
အပြင်းထန်ဖျားခဲ့ပါသည်၊ သေချာတာက အနာရှိန်ကြောင့်တော့မဟုတ်........
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...