အခန်းတံခါးဖွင့်လိုက်တာနဲ့ ဖရိုဖရဲဖြစ်နေသောအခန်းကဆီးကြိုနေသည်။
ဒေါ်ပုတု ရင်ထဲထိတ်ခနဲဖြစ်သွားရပြီး
စိုးရိမ်မှုကို ခေါင်းကိုတက်စောင့်၏။"ဆရာ ၊ သမီး !!!ညှို့အား!!!''
ဘယ်လိုခေါ်ခေါ် တစ်ယောက္မှ ပြန်မထူးတော့ပေ၊ ညကလည်း သူမအိပ်ပျော်သွားတာ ဆိုဖာခုံထက်၀ယ်၊သိုပေမယ့် အသံဗလံအချို့ကြားမိပေမယ့် ကြောင်ပဲထင်လိုက်တာမို့ စိတ်ချလက်ချအိပ်လိုက်တာမိုးစင်စင်လင်သည့်အထိပင်
အခန်းထဲဘေးဘီဝဲယာကြည့်တော့စောင်ပုံကြီးကလွဲရင် ကျန်တာက ကမာ ပျက်နေသည့်အတိုင်း လုံး၀ပြိုလဲကျနေကာ
"အဟင့် ဆရာတို့ကိုများတစ်ယောက်ယောက်ကလာဖမ်းသွားကြတာလားမသိဘူး အီးဟီး မိုးသက်ညို ဒေါက်တာလေး မိုးသက်ညိုကို ဖုန်းဆက်ရမယ်"
"ဘာတွေဖြစ်နေတာလည်း!!??""
စောင်ပုံထဲက ဝုန်းခနဲထလာပြီး မေးလိုက်တဲ့ devilကြောင့် ဒေါ်ပုတု နောက်ကိုနှစ်ဆလောက် ခုန်ဆင်းမိလိုက်ကာ
"အမလေး သောက်ပလုတ်တုတ်!!!'"
"နားညီးတယ် ကော်ဖီဖျော်ပေး!!""
"ဆရာ ဆရာဒဏ်ရာအကြီးကျယ်ရနေပြီ ဒီအချိန်ကော်ဖီက အရေးမကြီးဘူး"
လည်ပင်းနှင့် ရင်အုပ်ကျယ်ထက်က ကိုက်ခဲရာတစ်ချို့က ဖြူဖွေးသောအသားရည်မှာ ထင်ရှားစွာ ညိုညစ်နေလျက်
ဒါကိုပဲဒေါ်ပုတုကလက်ညိုးထိုးပြီး အလန့်တကြားထပြောတော့"ဘာမှလန့်မနေနဲ့ ဒါက ကျွန်တော့်ကိစ အခုလောလောဆယိ ကော်ဖီသာဖျောိပေးစမ်းပါ
ခေါင်းတွေကိုက်နေလို့!!''"ဟုတ် ဟုတ်!!"
ဗလာကျင်းနေသောအပေါ်ပိုင်းကိုယ်က
လုံး၀ဆွဲဆောင်မှုရှိသည်။သူမကြည့်နေကြ ကားတွေထဲကမင်းသားထက် ဘော်ဒီ ပိုမိုက်တော့ ဒေါ်ပုတု စိုးရိမ်တ၀က် အကြည့်ကတ၀က်ရောက်နေရသည်။စောင်ခြေရင်းမှာ ညိုစင်သောခြေဖျားသွယ်သွယ်လေးထွက်နေတာတွေ့တော့မှ
သူတို့နှစ်ယောက်စလုံး စောင်ပုံထဲ ရောက်နေမှန်းရိပ်မိကာ ပြုံးဖီးဖီးနှင့် ထွက်လာရသည်။
ဘာများလဲလို့ သူတို့က ချစ်နေကြတာကိုး
ချစ်တာကလည်း အိမ်တောင်ဇောက်ထိုးဖြစ်တော့မယ်
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...