part -42

11.1K 452 33
                                    

"နန့်လသာ ဖြစ်နိုင်ရင် ဒီ့ထက်သေချာတဲ့ သက်သေရှာပေးလို့ရမလား ၊
ဆေးစစ်ချက္မဟုတ်ရင်တောင်
  ဆေးကုသပေးနေတုန်း  မဟုတ်တာခိုင်းစေတဲ့သက်သေပဲဖြစ်ဖြစ်"

"အဲ့လိုမျိုးတော့မရှိဘူးရှင့် ဒါပေမယ့် နေ‌ေနကြ ကွန်ဒိုခန်းကိုလည်း ပြန်အပ်တော့မယ့်ပုံစံကြားနေရလို့,သေချာတာက ‌ဆရာမကြီးနဲ့ သွားတွေ့လိုက်ပါလား"

ညှို့အားစိတ်ထဲကလိလိ ဖြစ်လာရသည်။
‌မာမီ့ အကြောင်းက devil နဲ့ပဲ ပြောလို့ဖြစ်သည့်ပုံစံမျိုးနှင့် သူမကိုသိပ်မပြောဘဲ
ထိုလူနှင့်သာစကားလက်ဆုံကျနေသည်။

"စကားပြောစရာကုန်ပြီထင်တာပဲ ခွင့်ပြုပါဦး
ဒေါ်ပုလဲနက်ကို အခုတွေ့ဖို့လိုလာလို့"

အားမနာစတမ်း ပြောချလာပြီး devil လက်ကိုဆွဲချလာလိုက်သည်။ ဟိုအမျိုးသမီး ဘယ်လိုပုံစံကျန်ခဲ့သလည်း သူမဘာတစ်ခုမှ မစဉ်းစား

ကားပါကင်နားရောက္မှ devil လက်ကိုလွှတ်ချလိုက်ရင်း ရန်စကားဆိုဖို့ကြည့်လိုက်တော့ ထိုလူသားက ပြုံးဖီးပြီးအမြင်ကပ်ဖို့ကောင်းစွာကြည့်နေသည်။

"အတော်ပျော်နေတယ်ပေါ့ ဟုတ်လား"

"အင်း ပျော်တာပေါ့ မိန်းမလှလေးပဲဟာ"

"ပျော်ရင်အဲ့မှာနေခဲ့လိုက်!!!!'

ကားတံခါးဆီကို လှည့်ထွက်ဖို့အလုပ် နောက်ကနေ လက်ကို စောင့်ဆွဲခြင်းခံလိုက်ရ‌တာ‌မို့ သူမနောက်ပြန် သူ့‌ရင်ခွင်ထဲ ရောက်ရှိသွားရသည်။
သူမကခေသူမဟုတ်တော့ ဖိနပ်ဖြင့် သူ့ခြေထောက်တွေတက်နင်းတော့ အနာခံပြီး လုံး၀ဖက်ထားတာကိုမလွှတ်

ဒေါသကထွက်လာရတာမို့ လက်တွေကိုအတင်းရုန်းပြီး ရှေ့သို့သွားမည်အလုပ်

"အ!!!'

လည်ပင်းအစ်သွားတာကြည့်လိုက်တော့ သူမအကျီဂုတ်စကို ဆွဲထားသော devil
ရှည်မားသောအရပ်ကဖက်ထားလိုက်တိုင်း သူ့ခါးကြီးအမြဲကုန်းထားရစမြဲ

ယခုလည်း သူမဟာ ကြောင်လေး
တစ်ကောင်ဂုတ်စွဲခံထားရသလိူ ယက်ကန်ကန်လေးဖြစ်နေပြီး လက်တံခြေတံလေးတွေက  သူ့လက်ကြီးတွေဆီမရောက်

villain the who care of love  (Completed)Where stories live. Discover now