part -45 (⛔⛔⛔⛔)

21K 483 27
                                    

"အ!!!!'

ပါးပြင်ကို ယောင်ယမ်းထိမိတော့
အသည်းခိုက္မတတ်နာကျင်သွားရသည်။
ခရမ်းပုတ်ရောင်ဖြစ်နေပြီး ပါးတစ်ခြမ်းကဟလို့တောင်မရ
လက်နဲ့ထိမိတာတောင် မျက်ရည်ကဝဲကနဲ
ငိုကြွေးလို့လည်းမရ အော်ဟစ်တိုင်တန်းလို့လည်းမရ
သူမ စကားတွေဟာ အမှန်ပြောပါလျက်နဲ့တောင် အမှန်လို့ ထင်ခွင့်မရခဲ့

ညနက်နေပေမယ့် နှစ်ယောက်အိပ်ကုတင်ကြီးမှာ သူမတစ်ယောက်တည်း အထီးကျန်စွာရှိနေခဲ့သည်။ အင်ပါယာ ပြန်မလာတာ ဒီနေ့နဲ့ဆို နှစ်ရက်တိတ်ရှိလေပြီ
သူထွက်သွားထဲက သူမမှာ ထမင်းလည်းမစားနိုင် မအိပ်နိုင်နှင့် အရူးမလေးတစ်ယောက်လို ဖြစ်နေရသည်။

ပြတင်းပေါက်ဖွင့်ထားတာမို့ လေတစ်ချက်အဝေ့မှာ လေအေးတို့က ၀ရုန်းသုန်းကား၀င်ရောက်လာသည်။ အနည်းငယ်ချမ်းသလို ရှိတာမို့ တံခါးပိတ်ဖို့ လှမ်းရွယ်လိုက်စဉ်

"ဟင်!!!!''

ခြံရှေ့မှာ အရိပ်လိုလို ဘာလိုလို ပုံရိပ်
ဒီအချိန်ဒီခါမှာ လူတော့မဖြစ်နိုင်
အိပ်ပျက်ညတွေများလို့ မူမမှန်တာမြင်တယ်ပဲ ကိုယ့်ကိုကိုယ်တွေးကာ တံခါးကို လျင်မြန်စွာပိတ်ရင်း ကုတင်ပေါ်တက်ကာ စောင်ခြုံထဲမှာ ကြောက်လန့်စွာ မျက်စိမှိတ်ထားလိုက်သည်။

"ရှပ်။ ရှပ်!!!!'

ခြေသံ တစ်ခု???
သူမအခန်းဆီသို့လာနေသံ
အင်ပါယာ ပြန်လာတာဝောာ့မဖြစ်နိုင်
ကားသံမကြားရတာကြောင့် ဖြစ်နိုင်ချေကမရှိလှ
ဒေါ်ရိုစီကလည်း တစ်ခါတစ်ခါ ဝိုင်းကောင်းရင် ညလုံးပေါက်သွားနေတတ်သည်။ဒီရက်ပိုင်း ဝိုင်းအကြောင်းပြပြီး သွားနေတာ အိမ်တောင်မကပ်ချင်

အိမ်ဖော်လေးတွေက ဒီနေ့ ပိတ်ရက္မဟုတ်တဲ့အတွက် ရှိနေကြပေမယ့် ဟိုးအောက်ထပ်မှာမို့ အကူညီလိုရင် အောက်ထပ်ပြေးဆင်းခေါ်ရမည့်အဖြစ်

"ရှပ် ရှပ်!!!!"

ခြေသံက သူမ တံခါး၀ဆီမှာပဲ ရပ်ကာ အကြာကြီးတိတ်ဆိတ်နေ၏။
‌အေးချမ်းလှသော ညပေမယ့် စောင်ပုံထဲမှာ သူမချွေးစေးပြန်နေပြီဖြစ်ကာ
ရသမျှ ဘုရားစာတွေဟာလည်း
အဆီငေါမတည့်စွာ မေ့လျောနေခဲ့သည်။

villain the who care of love  (Completed)Donde viven las historias. Descúbrelo ahora