part -27

10.2K 454 60
                                    

မျက်ရည်ပေါက်တွေက ကိုင်ထားသည့်ဓာတ်ပုံပေါ်မှာ အဆက္မပြတ်ခုန်ဆင်းနေလျက်..

ဟင့်အင်း ဒီလိုကြီး ဒီလိုကြီး ဖြစ်ခဲ့ဖို့ချစ်တာမ‌ှမဟုတ်တာ
သူ့အမေနဲ့ ကိုယ်ကြား မှာမြေစာပင်ဖြစ်ရမှာစိုးလို့ နောက်ဆုတ်ပေးကာမှ

စိတ်ခံစားချက်တို့က ၀မ်းနည်းနေပေမယ့် လူသတ်ချင်စိတ် ပေါက်လာတာပထမဆုံးဖြစ်လာပြီး ရိုးရာနဲ့အင်ပါယာကို အရူးတစ်ယောက်လို ရှာနေမိသည်။

"သမီး ညှို့အား"

ဓာတ်ပုံကိုင်ပြီး ရှူးရှူးရှားရှားဖြစ်နေတဲ့
ညှို့အားကို မိအေးတစ်ယောက်စိတ်မချစွာတားလိုက်တော့

"ဖယ်နော် အန်တီအေး ဒီအချိနိ ကျွန်မ လူသတ်ရဲတယ်"

ညှို့အားဒေါသကိုသိနေတာကြောင့် မိအေး ထိတ်လန့်သွားရကာ
ဘုရား ဘုရား ထင်ထားတာတွေ ဖြစ်မလာပါစေနဲ့

အိမ်ထဲအရူးတစ်ယောက်လို မွှေ့ပတ်ရှာနေတာကို ဝှီးချဲပေါ်၌ ထိုင်နေရသည့်သူမခမ‌ျာ ဘယ်လိုမှ လှမ်းမတားနိုင် မျက်ရည်တွေသာ တသွင်သွင်စီးရင်း နှုတ်တွေ လက်တွေလေးကျနေသည်။
အိပ်ဆေးကူနေရလို့ အိပ်ဆေးတွေပျင်းလို့လားမသိ ထိုင်းမှိုင်းနေကာ ဒီနေ့ကပိုလို့တောင်အခြေနေကဆိုးနေသည်။သူမစိတ်ထဲမှာလည်း မနက်ကမှ စေ့စပ်ပွဲအကြောင်းအသိပေးလာသော ရိုးရာကို သိပ်မသ်ကာတော့.....

သူမတိုက်တဲ့ဆေးကို မသောက်ဖို့တစ်စုတစ်ခုကတားနေသလိုလို ၊ သူမအနားမှာရှိနေရတာကိုပဲ စိတ်ကိုမသန့်သလိုလိုဖြစ်လာရသည်။သို့ပေမယ့် သူမဟာဒိသမီးကိုအချစ်ပိုခဲ့သည်မို့ မျက်စိမှိတ် ယုံမိလိုက်ဖို့ကလည်း မဝံ့မရဲ ဖြစ်နေရတာတော့အမှန်

"ရိုးရာ !!!!!''

တိတ်ဆိတ်နေသော အိမ်ကြီးမှာ ညှို့အား အသံကကျယ်လောင်စွာ

"နင်ထွက်ခဲ့စမ်း!!!!''

တံခါးတွေကိုတဝုန်းဝုန်းထုရင်း သူမပုံစံက ဒေါသချောင်းချောင်းထွက်နေသော ကျားမလေးသဖွယ်

"သမီး ရိုးရာမနက်ထဲကမရှိဘူး ‌အန်တီအေးလည်းခုနမှသိရတာ သမီးမေမေကိုတောင် စော‌နလေးမှာ ပြင်ဆင်ပေးထားရတာရယ် "

villain the who care of love  (Completed)Where stories live. Discover now