"ဘွားကိုငဲ့ပြီး လိမ်မာပေးပါလားမြေးရယ်"
မှန်ကွဲစရှနေတဲ့ လက်ကိုဆေးထည့်ပေးရင် ဘွားအေးမြမွန်က မျက်ရည်တဝဲဝဲဖြင့်ပြောရှာသည်။
"သူတို့ကမပြီးနိုင်မစီးနိုင်လေ ဒါထက် ၀ယ်လာတဲ့အဆင်ကိုကြိုက်လား?"
"ကြိုက်တာပေါ့ ဘွားအတွက်ပဲဟာ"
"မကြိုက်ပဲနဲ့ ဘာလို့ညာတာလဲ"
"၀တ်နေကျပုံစံထဲကကွဲထွက်နေလို့ပါမြေးရဲ့ လက်ကောက်လေးကတော့ ဘွားအမြဲ၀တ်ထားမယ် ၊ နောက်ခါ မစားမသောက်ပဲမစုပါနဲ့မြေးရယ်"
"မကြိုက်ဘူးလား ၊ လက်ဆောင်ပေးရင်ပျော်နေမယ်မှတ်တာ"
မျက်တောင်တဖျက်ဖျက်ခတ်ရင်း ဘေးကိုမျက်နှာလွှဲလိုက်တာကြောင့်
"အို မဟုတ်တာမြေးရယ် ဘွားလို
လူကအခုလို၀တ်စားမနေပြချင်တာပါ၊ အပုပ်ကောင်ဖြစ်တော့မယ်လူလေ ၊သေခါနီး အဘွားကြီးက.......''"ဒီစကားဒီမှာတင်ရပ်!!!!""
အေးမြမွန် ပြောလက်စတောင် တန့်သွားရသည် ၊ ဒီကလေး ဒီစကားမျိုး အပြောမခံနိုင်သေးဘူးပေပဲ
"ဘွားက ငယ်ငယ်လေးရှိသေးတာ ဘာမှသေစရာမလိုဘူး"
"အဟင်းဟင်း ငါ့မြေးကလည်း သေချင်းတရားဆိုတာ"
"မကြားချင်ဘူး ဆက္မပြောနဲ့"
ပတ်တီးစည်းပေးနေတာတောင် ဆက်စည်းတာမခံဘဲ သူမအခန်းထဲ ရှုးရှုးဒိုင်းဒိုင်းထွက်သွားတာကြောင့် အေးမြမွန် စိတ်ထဲကြည်နူးမှုကအတိုင်းအဆမရှိ။
ဒီကလေး သူမကိုနက်နက်ရှိုင်းရှိုင်းချစ်နေတာ...။"အော်ဟော ထွက်လာပါပြီ မညှို့အား ဒီကြွပါဦး"
"ဘာပြောဦးမှာလည်း မာမီ"
"ကန်တော့ပွဲနဲ့တောင်းပန်ချင်လို့လေ"
"အငေါ့မတူးပါနဲ့ လိုရင်းပဲပြောပါ"
"ညည်းလုပ်ရပ်ကြောင့် ကားပျက်စီးသွားတာ သိတယ်မလား"
"အင်း"
"ဘာလုပ်ရမလည်းဆိုတာရောသိလား"
"သိတယ် ဂိုထောင်ကို အန်တီအေးတောင်ရှင်းထားပြီးပြီ"
ESTÁS LEYENDO
villain the who care of love (Completed)
Ficción GeneralStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...