part -31

12.3K 469 43
                                    

"ကျွန်မဘာဖြစ်သွားတာလည်း"

ကားပေါ်မှာလည်း တောက်လျောက်ပျော့ခွေလာပြီး အိမ်ကိုရောက်တော့မှ ဆေးတစ်လုံးထပ်ထိုးရသေးသည်။သတိရလာပြန်တော့ သူမပုံစံကဇဝေဇဝါဖြစ်နေပုံပင်

" သူများပါးကိုရိုက်ပြီး မူးချင်ယောင်ဆောငိလိုက်တာမဟုတ်ဘူးလား"

"ဘာရှင့် !!!""

"မင်းအရင်  စ ရိုက်တာမလား???""

"ဟုတ်တော့‌ဟုတ်ပေမယ့်......!!!""

"တိတ်စမ်း!!!!!""

"ဘာလို့ ကျွန်မကို အော်နေတာလည်း!!!!!!!''

နားတစ်ဖက်တောင်အူသွားပြီလားမသိပြန်ပိတ်အော်နေတာက

"မင်းပဲ အရင်ရိုက်သေးတယ် မင်းပဲ သတိလစ်ဖို့ ဖြစ်သွားတာလေ"

"မသိဘူး ခေါင်းထဲမှာ တစ်ခုခုကို ရိပ်မိနေသလိုပဲ ၊ရင်ဘတ်ထဲကခံစားချက်လည်း မကောင်းဘူး ၊ကျွန်မနဲ့ အဲ့မိန်းမဘာဖြစ်ထားတာလည်း ၊ပြီးတော့ ပြီးတော့ အင်ပါယာ ဆိုတဲ့လူကရော!!!???""

အင်ပါယာဆိုသည့် နာမည်ကြားမှ devil မျက်နှာနီရဲတက်လာကာ

"အရမ်းတွေသိချင်နေလည်း မင်းကိုဖုန်းပေးထားတယ် ပြီးတော့  ကိုယ့်ဘာသာစုံစမ်း"

"အဲ့ဒါကဘာဖြစ်တာလည်း ငါ့မှာမေးခွင့်မရှိတော့ဘူးလား???""

"အေးမမေးနဲ့!!!''

အခန်းတံခါးကို ဝုန်းကနဲစောင့်ပိတ်လိုက်သံကနည်းနည်းနောနောမဟုတ်
အပြင်ဘက်ကနေ အပြင်းမောင်းနှင်သွားတဲ့ ဆိုင်ကယ်‌သံကြောင့် သူ့ဒေါသလစ်မစ်ကို ညှို့အား တိုင်းတာမိလိုက်သည်။ဒီလူနှစ်ရောက်သေချာပေါက် မတည့်ရတဲ့အကြောင်းရှိရမည်.........

"ဟဲလို ခန့်ညားမောင်လား"

"အင်း အခုလာခဲ့လို့ရမလား!""

"အင်း အင်း!!""

လက်ကဖုန်းကို ခနချလိုက်ပြီး အတွေးတို့ကို ခပ်မြန်မြန်အလုပ်ပေးနေမိသည်။
လုံး ကို ခန့်ညားမောင်လို့ခေါ်မိပြန်တော့လည်း ကျေးဇူးရှင်ကစိတ်ဆိုးပြီးအော်တာခံရသေးသည်။ဒီကိစတွေ ဘာတွေရှုပ်နေလည်း ဒီနေ့သိရမှ ဖြစ်မည်။
ထိုစဉ် မျက်၀န်းရိပ်ထဲလက်ခနဲ ဖြစ်သွားတော့ ကြည့်လိုက္မိတော့
လက်စွပ်တစ်ကွင်း!!!
ဘယ်တုန်းထဲက သူမလက်ထဲရောက်နေမှန်းလည်းမသိ
Devil ၀တ်ပေးတာတပ်အပ်သိပေမယ့်
သူ့စိတ်ကတစ်ခါတစ်လေမှန်းရခက်သည်။
ချစ်တယ်လို့တခွန်းမှမပြော
ဒါပေမယ့် ဂရုမစိုက်စွာ အနမ်းတွေပေးသည်။
အပစ်တင်စကားဆိုပေမယ့် တစ်ခါတစ်လေနူးညံ့သွားတတ်သည်။
ပြီးတော့ ခုထိ ဘာအလုပ်လုပ်ကိုင်နေလည်း နဲနဲလေးမှမသိရသေး.....

villain the who care of love  (Completed)Where stories live. Discover now