(Unicode)
ရိပေါ်က ထော့နဲ့ထော့နဲ့ဖြင့် အခန်းထဲက ထွက်လာခဲ့သည်။ အလုပ်သွားရမယ့်အချိန်မှာ အလုပ်သွားရမည်။
အနာရှိန်ကြောင့် ကိုယ်နည်းနည်းနွေးနေပေမယ့် ဂရုမစိုက်ဖြစ်။
မနက်စာစားပြီးတော့ ရှောင်းကျန့်က ရိပေါ်က်ို အကိုက်အခဲပျောက်ဆေးတိုက်ထားတာကြောင့် နည်းနည်းတော့သက်သာသည်။
ဒါပေမယ့် ခေါင်းကလည်း ရိပ်တိပ်တပ်မူးနေ၏။
" ဒါ ဘယ်သွားမလို့လဲ "
အပြင်ထွက်မလို့ ဖိနပ်စီးနေတဲ့ ရိပေါ်ကို ရှောင်းကျန့်ကမေးသည်။
" အလုပ်သွားမလို့ပါ "
ရိပေါ်ရဲ့ အသံကဖျော့တော့တော့ဖြင့်။
" ဒူးနာနေတာတောင်မှလား "
" တော်တော်လေးသက်သာနေပါပြီ "
" မသွားပါနဲ့လား "
" မသွားလို့မဖြစ်လို့ပါ "
အလုပ်က ကျန်းမာရေးထက်အရေးကြီးတာလား။ အလုပ်က မင်းမရှိရင် မဖြစ်တော့ဘူးလား။ လစာတွေဘယ်လောက်တောင်ရနေလို့လဲလို့ ရွဲ့ပြီးမေးလိုက်ချင်ပေမယ့် အဲ့လောက် သူများကိုယ်ရေးကိုယ်တာဝင်စွက်ဖက်ရအောင်က ကိုယ်နဲ့မဆိုင်တာကြောင့် ရှောင်းကျန့်လည်းပြောချင်တဲ့စကားလုံးတွေကို မြိုသိပ်ထားလိုက်တော့သည်။
ရိပေါ်က အင်မတန်ခေါင်းမာသည်။
ခြေထောက်နာနေတာကို အလုပ်သွားရကောင်းလားဆိုပြီး ရှောင်းကျန့်က ရိပေါ်ကို စိတ်တိုသွားသည်။
ဒါနဲ့ ထော့နဲ့ထော့နဲ့ သွားနေမှာကိုလည်း မမြင်ချင်တာကြောင့် ကောက်ပွေ့လိုက်တော့ ရိပေါ်က တစ်ခုခုပြောဟန်ပြင်လာသည်။
" ဘာမှမပြောနဲ့ ။ ငြိမ်ငြိမ်လေးနေလိုက်။ စကားနားမထောင်ရင် ခါးရိုးပါကျိုးသွားအောင် ပစ်ချလိုက်မယ် "
ရှောင်းကျန့်က လေသံမာမာနဲ့ မာန်မဲလိုက်တော့ ခေါင်းလေးငုံ့သွားသည်။
" ကိုယ့်ကိုဖက်ထားလေ ။ ပြုတ်ကျချင်လို့လား "
ရိပေါ်က ဟုတ်လို့တောင်ပြန်မဖြေပဲ ရှောင်းကျန့်ရဲ့လည်ဂုတ်ကိုသိုင်းဖက်လာသည်။
YOU ARE READING
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...