Ep - 16

4.4K 404 29
                                    

(Unicode)

နန်းတော်ထဲသွားပြီး ဘုရင်နဲ့ မိဖုရားကို နှုတ်ဆက်ရမှာဆိုတော့ ရိပေါ်မှာ ရင်တွေခုန်နေသည်။

ထိုင်မရထမရဖြစ်နေတဲ့သူ့ကို အဝတ်အစားကစလို့ ရှောင်းကျန့်ကပဲ စီစဥ်ပေးသည်။

တော်ဝင်မိသားစုရဲ့ ပင်တိုင် စတိုင်လစ်ကိုခေါ်ပြီး ရိပေါ်ကို ဆင်ယင်ပေးထားတာဖြစ်သည်။

ရှောင်းကျန့်ရွေးပေးထားတဲ့ ဝတ်စုံကိုဝတ်ပြီးနောက် စိတ်တိုင်းမကျစွာ မှန်ထဲကိုကြည့်လိုက်သည်။

" ဒီလိုပုံစံနဲ့ အဆင်ပြေပါ့မလား "

" ပြေတယ်။စိတ်ကို အရမ်းကြီး တင်းမထားနဲ့။ မင်းကြည့်ဖူးတဲ့ နန်းတွင်းဇာတ်ကားတွေနဲ့ အပြင်ကနဲ့ မတူဘူးဆိုတာတော့ မှတ်ထားပေး ။ လူငယ်က လူငယ်ဆန်ဆန်နေလို့ရတယ် "

" အင်း "

ဒီလိုနဲ့ နန်းတော်နယ်မြေကို ခြေချလာခဲ့ပြီ။ နန်းတွင်းထဲက အဆောက်အဦးတွေရဲ့ ခမ်းနားထည်ဝါမှုကိုကြည့်ရင်း ရိပေါ်မှာ အံ့သြမဆုံးဖြစ်နေရ၏။

သူ့ဘေးမှာ အိမ်ရှေ့စံတစ်ယောက်လုံးရှိပါလျက် သိမ်ငယ်မှုတစ်ချို့ကို ခံစားနေရသည်။

" စကားပြောရင် စိတ်ထဲရှိတာသာပြောနော်။ အမှားပါမှာ စိတ်ပူစရာမလိုဘူး။ ခုက လူ လူချင်းတွေ့မှာ။ ဘုရားနဲ့သွားတွေ့မှာမဟုတ်ဘူး  ။ မင်းဘေးမှာက်ိုယ်ရှိတယ်။ အကုန်အဆင်ပြေမှာပါ "

ရှောင်းကျန့်က ရိပေါ်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးသည်။ ရိပေါ်နဲ့ အကျွမ်းတဝင်မရှိတဲ့ နေရာမှာ ရိပေါ်က်ို စိတ်မညစ်စေချင်ပါ။

ဟိုနေ့ညက ရှောင်းကျန့်က အိမ်ရှေ့စံမင်းသားဆို လက်မထပ်ချင်ဘူးလို့ အတင်းငြင်းတာကြောင့် အာဏာကိုသုံးပြီး ဖျောင်းဖျထားရသည်။

" အင်း "

ရိပေါ်က နှုတ်ခမ်းကိုစိထားတော့ ပါးနှစ်ဖက်က အလိုအလျောက်  ဖောင်းထွက်နေသည်။ ရှောင်းကျန့်ကိုခေါင်းငြိမ့်ပြတော့ ပါးတစ်ဖက်ကလည်း ပူနွေးသွား၏။

" ပါးတွေကို အဲ့လိုဖောင်းမထားနဲ့ ။ နမ်းရတာတောင် မဝဘူး "

ရိပေါ်က ကိုယ့်ပါးကိုယ်ပွတ်ပြီး ရှောင်းကျန့်ရဲ့လက်မောင်းကို လက်သီးနဲ့ထိုးလိုက်သည်။

Making A LoverDonde viven las historias. Descúbrelo ahora