(Unicode)
တစ်ရက် တစ်ရက်ဆိုတာလည်း မသိမသာဖြင့် တဖြည်းဖြည်းကုန်ဆုံးသွားသည်။ ဒီတစ်ပတ်ထဲမှာပဲ ရှောင်းကျန့်ရဲ့ အသက်က ၃၄ နှစ်ပြည့်တော့မည်။
မွေးနေ့ပွဲကိုတော့ နန်းတော်ထဲမှာပဲ တော်ဝင်မိသားစုနဲ့တင် အကျဥ်းချုံးပြုလုပ်မှာဖြစ်၏။
မယ်တော်ကြီးက ရှောင်းကျန့်ကို ဆင့်ခေါ်ပြီး ဆုံးမစကားတွေပြောသည်။ မင်္ဂလာဆောင် လက်ဆက်ပွဲမတိုင်ခင် ဆောင်ရန်ရှောင်ရန်နှင့် ကျင့်ဝတ်များကို ရွတ်ပြပြီး ခေတ်လူငယ်ဖြစ်တိုင်းလည်း ရှေးထုံးကို မပယ်သင့်ကြောင်းပြောသည်။
ကြင်ယာတော်လေးရဲ့ အိမ်ကိုသွားပြီး ယောက္ခမလောင်းတွေကိုသွားရောက်တွေဆုံကာ လက်ဆောင်ပဏ္ဍာတွေပေးပြီး မိသားဖသားပီပီ တောင်းခဲ့ဖို့ရာ စေခိုင်းသည်။
မယ်တော်ကြီးကတော့ နန်းတွင်း ဗေဒင်ဆရာကြီးနဲ့ တိုင်ပင်ပြီး မင်္ဂလာရက်ရွေးနေပြီဖြစ်ကြောင်းပြောသည်။
မင်္ဂလာပွဲအခမ်းအနားရယ် မင်္ဂလာဝတ်စုံနဲ့ ပက်သက်ပြီးတော့ မယ်မယ်က စီစဥ်မှာဖြစ်သည်။
ဘိုးတော်မင်းကြီးလက်ထက်က တိုင်းသူပြည်သားတွေက ချစ်ခင်ကြသလို သူ့ကို မလိုမုန်းထားသူများလည်းရှိခဲ့ဖူးသည်။ ငယ်စဥ်အခါ လုပ်ကြံခံရမှုတစ်ခုကြုံခဲ့ဖူးတာကြောင့် တော်ဝင်မိသားစုရဲ့လုံခြုံရေးအတွက်ဆိုပြီး သူ့လက်ထက်မှစပြီး ယခုမျိုးဆက်အထိ မိသားစုဝင်တွေကို မဖော်ပြတော့ပဲ လျှို့ဝှက်ထားခဲ့သည်။ ဒါကြောင့် မယ်တော်ကြီးရယ် မင်းကြီးရယ် မိဖုရားရယ်ကလွဲပြီး တော်ဝင်မိသားစုဝင်တွေက ဘယ်သူဘယ်ဝါဆိုတာ အများပြည်သူဘက်က သဲသဲကွဲကွဲတိတိကျကျ မသိကြသေးပေ။
ရှောင်းကျန့်က အနှေးနဲ့ အမြန်ပဲ တော်ဝင်မိသားစုရဲ့ အကြောင်းရယ် လက်ဆက်ပွဲကိစ္စရယ် ထီးနန်းကိုလက်လွှဲယူမှာဖြစ်တာရယ်ကို သတင်းစာရှင်းလင်းပွဲလုပ်ပြီးကြေညာမှာဖြစ်သည်။
......
ဒီလိုနဲ့ မယ်တော်ကြီးရဲ့ စေခိုင်းမှုကြောင့် ရှောင်းကျန့်က ယောက္ခမလောင်းရဲ့ အိမ်ကို သွားရောက်ရလေ၏။ ယောက္ခမလောင်းတွေနဲ့ သီးသန့်စကားပြောချင်တာကြောင့် ရိပေါ်ကို အသ်ိမပေးဖြစ်ပဲ တစ်ယောက်တည်း သွားလိုက်သည်။
KAMU SEDANG MEMBACA
Making A Lover
Fiksi PenggemarENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...
