Ep - 28

4.1K 303 62
                                    

(Unicode)

This part contains mature content. Read at your own RISK!

ရှောင်းကျန့်က ကုတင်ပေါ်ကိုခုန်တက်ပြီးနောက် ရိပေါ်ရဲ့ ခြေထောက်တစ်ဖက်ကိုဆွဲယူကာ ခြေဖမိုးက်ို ခပ်ဖွဖွနမ်းလိုက်၏။

" ကိုယ့်ကို မြှူဆွယ်နေတာပေါ့လေ ဟုတ်လား "

" ဟုတ်တယ်လေ ခစ်ခစ် "

ပြောရင်းနဲ့ ခြေသလုံးတစ်လျှောက် အပေါ် အနမ်းဖွဖွပေးသွား၏။ ပေါင်ကိုဖုံးနေတဲ့ အနီရောင်ပိုးသားစက်ို ဖယ်ပြီး ပေါင်အတွင်းသားတွေကို တရှုံ့ရှုံ့နမ်းရှိုက်လေသည်။

ရိပေါ်က ယားတာကြောင့်ရော ရှောင်းကျန့်က်ို  ကလူ ချင်တာကြောင့်ရော ခိုးခိုးခစ်ခစ်ရယ်တော့ ရှောင်းကျန့်က နမ်းလက်စပေါင်အတွင်းသားလေးကို ခပ်နာနာကိုက်ကာ အမှတ်အသားပေးလိုက်သည်။ ရှောင်းကျန့်သတိထားမိသလောက် ထိုနေရာကလည်း ဖယ်ရိုမုန်းရနံ့တွေထုတ်လွှတ်နေတဲ့ အထိမခံနိုင်တဲ့ အစိတ်အပိုင်းထဲမှာပါသည်လေ။

ရိပေါ်မှာ ဖယ်ရိုမုန်းရနံ့ထုတ်လွှတ်သည့်နေရာ နှစ်နေရာရှိ၏။ တစ်နေရာမှာ မှည့်သေးသေးလေးတွေရှိတဲ့ လည်ပင်းနဲ့ ဂုတ်ရဲ့ စပ်ကြားနေရာမှာ ဖြစ်ပြီး တစ်နေရာမှာ အထိမခံနိုင်တဲ့ ပေါင်ကြားဖွေးဖွေးလေးမှာ ဖြစ်သည်။

" အာ့ ! ဟင်း! "

အကိုက်ခံလိုက်ရတော့ ရိပေါ်ဆီက ညည်းညူသံတစ်ချို့ထွက်လာသည်။

" ဒီလိုတွေဝတ်ဖို့လည်း ဘယ်သူက အကြံပေးလ်ိုက်တာလဲ ပြောစမ်းပါဦး "

ရိပေါ်သာဆို ဒီလိုအဝတ်တွေ ကိုယ့်ဟာကိုယ်ဝယ်ဝတ်မှာမဟုတ်မှန်း ရှောင်းကျန့်က သိပြီးသား။ အခုက တစ်ယောက်ယောက်မြှောက်ပေးလိုက်လို့နေမည်။

အဲ့ဒီ တစ်ယောက်ယောက်ဆိုတာလည်း ရှောင်းယွင်ပဲနေမှာလို့ တစ်ထစ်ချ တွက်ပြီးသား။

" ဘယ်သူရမှာလဲ ရှောင်းယွင်ပေါ့။ ဗိုက်တစ်လုံးထွက်နေတာတောင် အစ်ကို့ကိုဆွဲဆောင်ဖို့ဆိုပြီးပေးသွားတာ။ ဘာလဲ မကြိုက်ဘူးလား။ လောင်ကုန်းက "

" မကြိုက်ဘူးလို့ ဘယ်သူပြောလဲ ။ အရမ်းကြိုက်တယ် နေ့တိုင်းဝတ် "

Making A LoverWhere stories live. Discover now