This part contains mature content. Read at your own RISK!
(Unicode)
ရှောင်းကျန့်က စ်ိတ်မကောင်းသလိုမျက်နှာပေးဖြင့် ရိပေါ်လက်ကို ဖယ်ချလိုက်သည်။
" ရိပေါ်က ကိုယ့်ကိုယ်နှင်ထုတ်မှတော့ သွားရတော့မယ် "
နှုတ်ခမ်းသားလေးတွေ လှုပ်လျက် ဘာပြောရမယ်မသိဖြစ်နေသော ရိပေါ်ကို အကဲခတ်ပြီး ရှောင်းကျန့်က ဒရမ်မာ ထပ်ချိုးပြန်သည်။
" စိတ်မကောင်းလိုက်တာ "
" နေ... နေဦး ....ဒီနေ့ညတော့ ရတယ် "
ရိပေါ်က မျက်နှာပူစွာဖြင့်ပြောလိုက်သည်။ သူ့ရဲ့ အောက်ပိုင်းမှာလည်း စိုစိစိဖြစ်နေပြီး ရှောင်းကျန့်ကိုလိုအပ်နေပြီ။
ပြီးတော့ သူ heat ဝင်နေပြီလေ။ ရှောင်းကျန့်ရဲ့ ဖယ်ရိုမုန်းရနံ့ရပြီး အတူနေလိုက်ရင် အဆင်ပြေသွားလိမ့်မည်။
" ကိုယ့်ကိုအားမနာနဲ့ရတယ်နော်။ ကောင်းကောင်း အိပ်တော့ "
ရှောင်းကျန့်က ရိပေါ်ရဲ့လက်ကိုဖြုတ်ချပြီး အိပ်ယာပေါ်ကနေဆင်းလိုက်သည်။ ရိပေါ်ကိုကျောပေးတဲ့ အနေအထားရောက်သွားတော့ ကျေနပ်သလို နှုတ်ခမ်းကို စောင်းကာ ပြုံးလိုက်၏။
" အစ်ကို အဲ့လိုကြီး မညစ်နဲ့ဗျာ "
ရိပေါ်က အိပ်ယာပေါ်ကနေ ပြေးဆင်းပြီးရှောင်းကျန့်ရဲ့ ခါးကို ပြေးဖက်ကာကျောပြင်မှာ မျက်နှာအပ်ထားသည်။ ရှောင်းကျန့်ရဲ့ ကိုယ်သင်းနံ့ကို ရှုရှိုက်ရင်း နှာခေါင်းလုံးလုံးလေးနဲ့ ကျောပြင်ကို ပွတ်တိုက်နေလိုက်၏။
" အစ်ကိုက မညစ်ပါဘူး။ မင်းကို ကောင်းကောင်းအိပ်ရအောင်လို့တောင် ဒီတိုင်းထွက်သွားပေးမလို့ကို "
" ဟင့်အင်း ! ကျွန်... ကျွန်တော်က အစ်ကို့ကို လိုချင်တယ် "
ရှောင်းကျန့်လိုချင်တာလည်း ဒါပဲဖြစ်သည်။
ရိပေါ်ဘက်က လိုလိုလားလားတောင်းဆိုမှု။
" ဘယ်တော့လဲ "
ရှောင်းကျန့်က ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည် ။ ရှောင်းကျန့်က သူ့ဖယ်ရိုမုန်းရနံ့တွေ ထုတ်မပေးသေးတာကြောင့် ရိပေါ်မှာ heat အရှိန်ကြောင့် နှာခေါင်းထိပ်ဖျားလေးတွေ ပါးမို့လေးတွေမှာ ရဲတက်နေသည်။
VOCÊ ESTÁ LENDO
Making A Lover
FanficENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...