(Unicode)
This part contains mature content. Read at your own RISK!
ဝူချန်နဲ့ ချိန်းဆိုထားတဲ့နေရာကို လာခဲ့လိုက်သည်။ အထူးတလည် နေရာတော့မဟုတ် X city က အကြီးဆုံးရှော့ပင်းမောလ်ရဲ့ ဘေးမှာ ဖွင့်ထားတဲ့ ဝူချန်ရဲ့စားသောက်ဆိုင်မှာပဲဖြစ်သည်။
ဒီစားသောက်ဆိုင်က ဖွင့်ထားတာလည်း မကြာသေးပေ။ ရက်ပိုင်းလောက်သာရှိဦးမည်။
အသင့်စီစဥ်ထားတဲ့ VIP အခန်းထဲမှာနေရာယူလိုက်သည်။ ရှောင်းယွင်နဲ့ ရိပေါ်က လက်ချင်းချိတ်လျက်မို့ ရှောင်းကျန့်က ဘက်ပဲ့နေသည်။
ရှောင်းကျန့်က မကြည်မသာဖြစ်နေသည်ကြောင့် ဝူချန်ကတော့ ရယ်လျက် ရိပေါ်ဘေးက ကောင်လေးကို ရှိုးနေလိုက်သည်။ ရှောင်းကျန့်နဲ့ မျက်နှာပေါက်က ခပ်ဆင်ဆင်ရှိပေမယ့် ဘယ်သူလဲဆိုတာတော့ ခန့်မှန်းမရသေး။
ရှောင်းယွင်နဲ့ ရိပေါ်က အတူတူထိုင်မယ်လုပ်တဲ့အခါ ရှောင်းကျန့်က သည်းမခံနိုင်တော့ချေ။
" ဟေ့ကောင် ဖယ်လေ ။ ဒါက ငါ့နေရာ "
ရှောင်းကျန့်က ရှောင်းယွင်ထိုင်မယ့်ခုံကိုဆွဲလုလိုက်သည်မှာ ကလေးကလားဆန်လွန်းလှသည်။ ဝူချန်က ခွီးကနဲရယ်၏။
" အာ တောင်းပန်ပါတယ် အစ်ကိုတော် "
ရှောင်းယွင်က ရှက်ကိုးရှက်ကန်းဖြင့် ဖယ်ပေးလေသည်။
" အစ်ကိုကလည်း "
" အင်း.... အစ်ကိုကလည်း ကိုယ့်ကြင်ယာတော်နဲ့ထိုင်ချင်တာလေ ငြိုငြင်တာလား "
ရှောင်းကျန့်က ရိပေါ်ရဲ့စကားကိုအစပြန်ကောက်ပြီး ပိတ်ပြောလိုက်တာကြောင့် ရိပေါ်မှာ ဘာမှန်းရမှန်းမသိတောင်ဖြစ်သွားချေသည်။ ဝူချန်ကတော့ ဒီကောင် ယောကျာ်းမရခင် သူငယ်ပြန်သွားတာလားဟုတွေးမိတော့သည်။
"မင်းက ဟိုဘက်မှာသွားထိုင်လိုက် ရှောင်းယွင် "
ရှောင်းကျန့်က ရိပေါ်ရဲ့ ဘေးမှာ နေရာယူပြီးတော့ ရှောင်းယွင်ကို ဝူချန်ရဲ့ ဘေးမှာထိုင်ဖို့ မေးငေါ့ပြလိုက်သည်။
ရှောင်းယွင်ဆိုတဲ့ အမည်နာမကိုကြားလိုက်တာနဲ့ ဝူချန်မှာ တအံ့တသြဖြစ်သွားရသည်။ သူတို့ညီအစ်ကိုတွေက မတည့်ဘူးဆိုတာ ဝူချန်က ကောင်းကောင်းကြီးသိသည်လေ။
YOU ARE READING
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...