Ep - 12

4.6K 421 71
                                    

(Unicode)

ရိပေါ် နိုးလာတော့ မနေ့က သတိလက်လွတ်ဖြစ်သွားပြီး အတူတူနေခဲ့ကြတဲ့ပုံရိပ်တွေက တစ်စတစ်စပြန်ပေါ်လာတာကြောင့် ခြုံထားတဲ့ စောင်ကိုပဲ ဆွဲဆုပ်ထားမိသည်။

မနေ့က heat တက်ပြီး ဘာမှမတွေးနိုင်တော့ပဲ ဘယ်လောက်တောင်အရှက်မဲ့သွားခဲ့တာလဲ။

အောက်ပိုင်းက တစ်ခုခုတ်ိုးဝင်နေသလိုခံစားနေရသေးသည်။ ရှောင်းကျန့်က အခုထိ သူ့ရဲ့ ဆက်နွှယ်မှုကို မဖြုတ်ရသေးပဲ အိပ်မောကျနေလေသည်။

ရိပေါ်တစ်ကိုယ်လုံးက ရှောင်းကျန့်ရင်ခွင်ထဲမှာဖြစ်ပြီး သူ့ကျောပြင်က ရှောင်းကျန့်ရင်အုပ်နဲ့ ကပ်လျက်။

ခေါင်းက ရှောင်းကျန့်ရဲ့လက်မောင်းပေါ်ကိုအုံးထားပြီး ကျန်တဲ့ရှောင်းကျန့်ရဲ့လက်တစ်ဖက်က ရိပေါ်ရဲ့ခါးကို ရစ်ပတ်ထားသည်။

သူတို့နှစ်ယောက်ကြားအလွန်ပူးကပ်နေပြီး ရိပေါ်လည်း လှုပ်လို့မရဖြစ်နေလေသည်။ ဘယ်လိုလုပ်ရမှန်းမသိတာကြောင့် အခက်တွေ့နေရ၏။

" နိုးနေပြီလား "

နောက်ကနေ အသံခပ်အစ်အစ်ထွက်လာတာကြောင့် ရိပေါ်မှာ ဆတ်ခနဲပင်တုန်သွားရသည်။

ရှောင်းကျန့်ကို မနိုးလောက်သေးဘူးလို့ထင်နေတာပင်။

" ဟုတ် "

" အရမ်းနာနေလား "

" ရ....ရပါတယ် "

ရှောင်းကျန့်ရဲ့လက်က ရိပေါ်ရဲ့ ရင်ဘတ်နဲ့ ဗိုက်သားတွေကို ပွတ်သပ်လာသည်ကြောင့် ရိပေါ်မှာ နောက်ပြန််လှည့်ကြည့်လိုက်သည်။

" ရတယ်ဆိုတာက ထပ်လုပ်လို့ရသေးတယ်ဆိုတဲ့သဘောလား "

ရှောင်းကျန့်က ရိပေါ်ကိုပြုံးပြပြီး သွယ်ဝိုက်တဲ့ ညစ်ညမ်းစကားတွေကိုပြောနေတာကြောင့် ရိပေါ်မှာ ချက်ချင်းပဲ ခေါင်းကို ရှေ့ပြန်လှည့်လိုက်ရသည်။ နားရွက်ဖျားတွေပါနီရဲလာ၏။

ရှောင်းကျန့်က ခပ်တိုးတိုး ရယ်လျက် ရိပေါ်ရဲ့ ဂုတ်သားတွေက်ို တရှုံ့ရှုံ့နမ်းရှိုက်လာသည်။

မနေ့ညက ကိုက်ထားတဲ့ အမှတ်အသားလေးကို ဖိနမ်းလိုက်တော့ ရိပေါ်ဆီက အာ့ခနဲ အသံထွက်လာသည်။

Making A LoverDove le storie prendono vita. Scoprilo ora