(Unicode)
အရင်းနှီးဆုံးသူငယ်ချင်း ဝူချန်နဲ့ကော်ဖီဆိုင်တစ်ဆိုင်မှာတွေ့ဖို့ချိန်းထားလိုက်သည်။ ဝူချန်မှာ Dominant Alpha တစ်ယောက်ဖြစ်ကာ ဝန်ကြီးချုပ်ရဲ့သားဖြစ်ပြီး ငယ်စဥ်ကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းအရင်းကြီးဖြစ်သည်။
ရှောင်းကျန့်က mate ရှာဖို့ အခေါက်ပေါင်းများစွာ Blind Date လုပ်နေရတယ်ဆိုတာကိုလည်း ဝူချန်က ကောင်းကောင်းကြီးသိထားသည်။
ဒါပေမယ့် တစ်ယောက်မှ စိတ်တိုင်းမကျပဲ ချေးများလှတဲ့ ရှောင်းကျန့်ကိုသာ အပြစ်တင်ချင်သည်။
ဒီလို အချိုးမျိုးနဲ့သာဆိုရင် ဒီတစ်သက်လုံး mateရှာတွေ့မှာမဟုတ်ဘူးလို့ပြောလိုက်ရရင်ဖြင့်။
" အကြာကြီးစောင့်လိုက်ရလား "
ဝူချန်က ကော်ဖီဆိုင်ထဲ အရင်ရောက်နှင့်ပြီးဖြစ်တာကြောင့် နောက်ကျမှရောက်လာတဲ့ ရှောင်းကျန့်က မေးလိုက်တာဖြစ်သည်။
" ရောက်တာမကြာသေးဘူး "
" အင်း ငါလည်း လမ်းမှာကားပိတ်နေတာနဲ့ "
" တစ်ခုခု အရင်မှာမလား "
" အေး ကောင်းသားပဲ "
ရှောင်းကျန့်က မီနူးကိုကြည့်ပြီး စားပွဲထိုးကိုခေါ်လိုက်သည်။
ထိုအခါရောက်လာတဲ့ စားပွဲထိုးမှာ တိုက်ဆိုင်စွာဖြင့် ရိပေါ်ဖြစ်နေခဲ့လေသည်။
" အမ် "
ရှောင်းကျန့်မှာ မစဥ်းစားတတ်အောင်ပင်ဖြစ်သွားရသည်။ ဝမ်ရိပေါ်က ရုပ်ပြောင်းရုပ်လွှဲပဲ တတ်တာလား ၊ ဝမ်ရိပေါ် ကိုယ်ခွဲတွေအများကြီးရှိတာလားမပြောတတ်တော့။
နေရာတိုင်းမှာ ဝမ်ရိပေါ်က အလုပ်လုပ်နေသလိုပင်။
ပထမဆူံးတွေ့တာက cashier အနေနဲ့ဖြစ်သည်။ ဒုတိယတစ်ခေါက်ကျ Deli သမားအနေနဲ့ တတိယတစ်ခေါက်ကျ ကော်ဖီဆိုင်မှာ စားပွဲထိုးဖြစ်နေပြန်သည်။
အကြောင်းတိုက်ဆိုင်လို့ နောက်တစ်ခေါက်များတွေ့ရရင် ဘာအလုပ်များလုပ်နေမလဲတောင် သိချင်သွားသည်။
ဒီကောင်လေးက ဘယ်လိုတုန်း !
" တွေ့ပြန်ပြီနော် "
KAMU SEDANG MEMBACA
Making A Lover
Fiksi PenggemarENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...