Ep - 17

4.1K 384 116
                                    

(Unicode)

နန်းတော်က ပြန်လာသည့်အချိန်မှစလို့ ရှောင်းကျန့်က ရိပေါ်နောက်ကို တကောက်ကောက်လိုက်ကာ တွယ်ကပ်နေတော့သည်။

" သုံးမွှာပူးနော် "

ထိုသ်ို့ အဆက်မပြတ်ပြောနေရာ ရိပေါ်မှာ နားညည်းလာတော့သည်။

" ရူးနေလား။ ကျွန်တော့်ကို ကလေးထုတ်စက်ထင်နေတာလား ။ အီးယား... ဖယ်စမ်းပါ "

ရိပေါ်မှာ အတင်းဖက်တွယ်ထားတဲ့ ရှောင်းကျန့်ကို ခွာချပြီး အခန်းထဲ အတင်းပြေးဝင်လာကာ လော့ချပစ်လိုက်သည်။

နေ့တိုင်း အဲ့ဒီသုံးမွှာပူးပဲပြောနေတာ တစ်ပတ်လောက်ရှိတော့မည်။ နန်းတော်က ပြန်လာတဲ့နေ့တုန်းကဆို အသားတောင်မထိခ်ိုင်းပါဘူးဆိုမှ အိမ်ရှေ့စံတို့များ မညှာချက်က ရိပေါ်မှာ တစ်ညလုံးတောင် မနားလိုက်ရပေ။

........

ဒီနေ့က ရိပေါ် နန်းတွင်းထဲကိုပြောင်း လာပြီး ပထမဆုံးနေ့ဖြစ်သည်။

ရိပေါ်ကိုခစားဖို့ မိဖုရားက အခြွေအရံသုံးယောက်ချီးမြှင့်လေသည်။

ထိုသူသုံးယောက်မှာ ရိပေါ်ကို အစစအရာရာတာဝန်ယူသင်ကြားပေးရမယ့် ဆရာတစ်ဖြစ်လည်း အထိန်းတော်ကြီးဟန် ၊ အောက်ခြေသိမ်းကအစ တောက်တိုမည်ရခိုင်းဖို့ အထိန်းတော်လေးတွေအဖြစ် အားလျန်နဲ့ အားရန် တို့ဖြစ်ကြသည်။

အထိန်းတော်အကုန်လုံးမှာ Beta တွေဖြစ်ကြ၏။ အထိန်းတော်ကြီး ဟန်မှာ အသက် ၂၈ နှစ်ခန့်ရှိပြီဖြစ်ပြီး မျက်နှာတည်သည်။ အားလျန်နဲ့ အားရန်မှာတော့ အသက် ၂၂ နှစ်အရွယ်လေးများဖြစ်ကြကာ မနူးမနပ်လေးတွေဖြစ်ကြ၏။

အားလျန်နဲ့ အားရန်မှာ နန်းတွင်းက အရည်အချင်းစစ် စာမေးပွဲဖြေပြီးမှ ရောက်လာကြတဲ့ ပေါက်စလေးများဖြစ်ကြတာကြောင့် နန်းတွင်းစည်းကမ်းတွေနဲ့ ကျင့်သား သိပ်မရကြသေးပေ ။ အထိန်းတော်ကြီးဟန်ကတော့ နန်းတွေထဲမှာ အမှုထမ်းဆောင်နေတာကြာပြီဖြစ်သည်။

" ကြင်ယာတော်လေးကို ဂါရဝပြုပါတယ် "

" နေ ....နေပါ ... ထပါ "

ခါးကို ၉၀ ဒီဂရီကိုင်းညွှတ်ပြီး ဂါရဝပြုနေကြသည်ကြောင့် ရိပေါ်မှာ ပြာပြာသလဲဖြင့် သူပါ လိုက်ဦးညွှတ်မိသည်။

Making A LoverWhere stories live. Discover now