Ep - 22

4.2K 392 149
                                        

(Unicode)

ယနေ့ တော်ဝင်မိသားစုရဲ့ ဘဏ္ဍာထိန်းနဲ့တွေ့ဖို့ စီစဥ်ထားသည်။ အိမ်ရှေ့စံနဲ့ တော်ဝင်မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ချို့ကို ရိပေါ်ရဲ့ နာမည်နဲ့ လွှဲပေးဖို့ပဲဖြစ်၏။

ကြင်ယာတော်နဲ့ သူ့မိသားစုကို လက်ဖွဲ့ပစ္စည်းအနေနဲ့ ပိုင်ဆိုင်မှုတွေကိုခွဲပေးရသည်မှာ  ထုံးတမ်းစဉ်လာတစ်ခုလည်းဖြစ်ပြီးမင်းကြီးရော မိဖုရားရော မယ်တော်ကြီးပါ သဘောတူသည်။

ရိပေါ်က အထိန်းတော်ဟန်ခေါ်ရာနောက်ကိုလိုက်လာခဲ့၏။

" အခုဘယ်က်ိုသွားနေတာလဲအထိန်းတော်ဟန် "

ရိပေါ်က သူတစ်ခါမှမရောက်ဖူးတဲ့နေရာကိုသွားနေတာကြောင့်မေးလိုက်တာဖြစ်၏။

" ပြည်တွင်းပိုင်ဆိုင်မှုဦးစီးဌာနက အရာရှိနဲ့တွေ့ရမှာပါ "

ပြည်တွင်းပိုင်ဆိုင်မှုဦးစီးဌာန??

ရိပေါ်က နားမလည်ပေမယ့် ဘာမှဆက်မမေးတော့ပဲ အထိန်းတော်ဟန်နောက်ပဲလိုက်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။ အချိန်တန်ရင် သိရမှာပဲဟာကို။

ထို့နောက် အဆောင်တစ်ခုထဲရောက်လာခဲ့၏။ အနောက်တိုင်းဝတ်စုံပြည့်ဖြင့် လူတစ်ယောက်က အရင်ရောက်ကာထိုင်နေသည်။ ရိပေါ်ကိုမြင်တော့ အလျင်အမြန်ထကာ ခေါင်းကိုညွှတ်လျက် ဂါရဝပြု၏။

" တွေ့ရတာ ဝမ်းသာပါတယ်ကြင်ယာတော်လေး ။ ကျွန်တော်က တော်ဝင်မိသားစုရဲ့ ဘဏ္ဍာထိန်း မင်ပါ "

" ဟုတ် ...ဟုတ် ...တွေ့ရတာဝမ်းသာပါတယ် "

ဘဏ္ဍာထိန်းမင်နဲ့ ရိပေါ် အပြန်အလှန်နှုတ်ဆက်နေဆဲမှာပဲ အထိန်းတော်ဟန်က ရှောင်ထွက်သွားသဖြင့် အခန်းထဲမှာ သူတို့နှစ်ယောက်ပဲကျန်သည်။

ဘဏ္ဍာထိန်းမင်က သူ့ရှေ့ကို တော်ဝင်မိသားစုရဲ့ တံဆိပ်နှိပ်ထားတဲ့ အနီရောင်ကတ္တီပါအဖုံးဖြင့် စာအုပ်တစ်အုပ်ထိုးပေးလာ၏။

ရိပေါ်က ထိုစာအုပ်ကို ယူပြီး ဖွင့်ကြည့်လိုက်ရာစာချုပ်စာတမ်းတစ်ခုဖြစ်နေသည်။

" တော်ဝင်မိသားစုက ကြင်ယာတော်လေးဆီ လွှဲပြောင်းပေးတဲ့ပိုင်ဆိုင်မှုစာရင်းပါ "

Making A LoverWhere stories live. Discover now