This part contains mature content. Read at your own RISK!
(Unicode)
ရှောင်းကျန့်က ဒရောသောပါးဖြင့် ရိပေါ်နားကိုရောက်ချလာလေသည်။
" စာသင်ဆောင်မှာရှိနေရမယ့်အချိန်ကို ဒါဘာလုပ်နေတာလဲ "
ဟုတ်သား !
စာသင်ဆောင်ကနေခိုးထွက်လာတာ ရှောင်းကျန့်က မိသွားပြီ။ ဒါကြောင့် မျက်နှာချိုသွေးတဲ့ အနေနဲ့ သွားဖြည်းပြလိုက်သည်။
" စာတွေဖတ်ရတာပျင်းလာလို့ပါ ဟီး "
" လာ သွားမယ် "
" နေဦး ဘယ်သွားမှာလဲ ရှောင်းယွင်နဲ့တောင် စကားကောင်းကောင်းမပြောရသေးဘူး "
ရှောင်းကျန့်က ရိပေါ်ရဲ့လက်ကိုဆွဲကာထူတော့ ရိပေါ်က ရှောင်းကျန့်ကိုပြန်ဆွဲထားသည်။
" ရှောင်းယွင် မင်းသွားလိုက်တော့ "
" ဟုတ်ကဲ့ အစ်ကိုတော် "
ရှောင်းယွင်က ရိပေါ်နားကနေထထွက်သွားသည်။
ရှောင်းကျန့်က ရိပေါ်ကို ပြောရမှာမဟုတ်မှန်း သဘောပေါက်တာကြောင့် ရှောင်းယွင်ကိုနှင်ထုတ်လိုက်သည် ။ ရိပေါ်ရဲ့ မျက်နှာမှာ ရှစ်ခေါက်ချိုးဖြစ်သွား၏။
" ဟေ့ကောင် နေဦး မသွားသေးနဲ့ဦးလေ "
ရိပေါ်က ရှောင်းကျန့်ရဲ့လက်ကို ခါချကာ ဖတ်ခနဲရိုက်ပြီး ရှောင်းယွင်ကို ဆွဲမိဆွဲရာလှမ်းဆွဲထားလေရာ ဘောင်းဘီမျှော့ကြိုးဖြစ်နေလေသည်။
အထဲက ဝတ်ထားတဲ့ boxer က မစ်ကီးမောက်စ် အရုပ်နဲ့ အရောင်က baby pink လေး။
" အာ ! ဆောရီး "
ရိပေါ်က တောင်းပန်ပြီး ဖတ်ခနဲ ပြန်လွှတ်ပေးလိုက်တော့ ရှောင်းယွင်က ခပ်သုတ်သုတ်ပြေးထွက်သွားတော့သည်။
ရိပေါ်မှာ အရမ်းရယ်ချင်နေတာကြောင့် ရယ်ချင်စ်ိတ်ကိုအောင့်ထားရသည်။ ရှောင်းယွင်က ရှက်များသွားမလားမသိဘူးဟု တွေးပေးလိုက်သေးသည်။
ရှောင်းယွင်ဝတ်ထားတာ limited edition နဲ့ထုတ်ထားတာကြီး။ မှတ်မှတ်ရရ အဲ့ boxer ထုတ်တုန်းက weibo မှာ trending တောင်ဖြစ်သွားသေးသည်။

ESTÁS LEYENDO
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...