Ep - 11

6.2K 451 78
                                        

This part contains mature content. Read at your own risk !!

(Unicode)

ဆေးရုံမှာ ရက်အနည်းငယ်ကြာတော့ ရိပေါ်ရဲ့ခြေထောက်က အနည်းသက်သာနေပြီ။ ရှောင်းကျန့်က သူ့ကိုလှုပ်လှုပ်ရှားရှားမလုပ်ခိုင်းတဲ့ အကျိုးကျေးဇူးကြောင့်ပင်။

သုံးလေးရက်အတွင်း အလုပ်ကိုရော စိတ်ညစ်စေမယ့်အရာအားလုံးကိုမေ့ထားလိုက်ကာ အစားကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်တာကြောင့် အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာသည်။

စိတ်ချမ်းသာနေကာမှ ညနေခင်းတစ်ခုမှာ ရုတ်တရက် heat ဝင်လာတော့သည်။ scent glandsကနေ ဖယ်ရိုမုန်းတချို့ အခန်းထဲကို ပျံ့လွင့်သွား၏။ ရှောင်းကျန့်က laptop တစ်လုံးနဲ့အလုပ်ရှုပ်နေလေသည်။

ရိပေါ်ရဲ့ ခဏကိုယ်က တဖြည်းဖြည်းနဲ့ ပူလောင်လာသည်။ တစ်ခုခုကိုလိုအပ်လာသည်။

ဆေးမပါတော့ ဘာလုပ်ရမှန်းလည်းမသိပဲ တုန်လှုပ်ခြောက်ခြားနေမိသည်။

Scent patch လည်းမရှိတဲ့အတွက် scent glandsတွေကိုဖုံးမထားန်ိုင်ပေ။ ဖယ်ရိုမုန်းရနံ့တွေဆက်တ်ိုက်ဆ်ိုသလို ထုတ်လွှတ်နေမိသည်။ ဘယ်လိုမှ ထိန်းချုပ်မရနိုင်ဖြစ်နေ၏။

ရှောင်းကျန့်က ဖယ်ရိုမုန်းရနံ့တွေရလိုက်တာနဲ့ laptopကို အကြည့်ခွာပြီး ရိပေါ်ကို လှမ်းအကဲခတ်လိုက်သည်။

ရိပေါ်ရဲ့ မျက်လုံးလေးတွေမှာ ဂဏာမငြိမ်ဖြစ်နေပြီး လက်ထိပ်လေးတွေအချင်းချင်းဆုပ်ချေနေတာကိုမြင်ရသည်။

" ရိပေါ် အဆင်ပြေရဲ့လား "

ရှောင်းကျန့်က အလုပ်လုပ်နေရာမှထပြီး ရိပေါ်နားသွားလိုက်သည်။

" ဟင့်အင်း ! အနားကို မလာခဲ့နဲ့ "

ဖယ်ရိုမုန်းရနံ့တွေကပိုပြင်းလာသည်။ အနားကပ်လာတဲ့ ရှောင်းကျန့်ကို ရိပေါ်က အားနဲ့ တွန်းထုတ်လ်ိုက်တာကြောင့် ရှောင်းကျန့်မှာ နောက်လန်လဲတော့မလိုဖြစ်သွားရသည်။

ရိပေါ်က အားပြည့်လာပြီဖြစ်တဲ့အတွက် အားဆေးသွင်းစရာမလိုတော့ပေ။

အခုဖြစ်နေတဲ့ပုံစံအရ ‌ရိပေါ်က heat ဝင်နေပြီဆိုတာ ရှောင်းကျန့်က သိလိုက်သည်။

Making A LoverWhere stories live. Discover now