(Unicode)
ဆောက်တည်ရာမရစွာဖြင့် ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ရိပေါ်က ဘယ်အချိန်လောက် အိမ်ကနေ ထွက်သွားသလဲဆိုတာ ကွန်ဒိုက လုံခြုံရေးခန်းသွားပြီး CCTV ပဲကြည့်ရမလား တွေးနေတုန်းမှ အိမ်ရှေ့က ဘဲလ်တီးသံကြားလိုက်ရ၏။
ရိပေါ်များလားလို့ အပြေးဖွင့်ကြည့်တော့ တကယ်ပဲ ရိပေါ်ဖြစ်နေတာကြောင့် ဘာမှမစဥ်းစားနိုင်တော့ပဲ ဆွဲဖက်မိတော့သည်။
ရှောင်းကျန့်က အကြမ်းပတမ်းဆွဲဖက်လ်ိုက်တာကြောင့် ရိပေါ်ကိုင်လာတဲ့ အထုပ်လေးမှာ ကြမ်းပြင်ပေါ်ပြုတ်ကျသွားရသည်။
" ကိုယ့်ကို ထားသွားပြီထင်နေတာ "
ရှောင်းကျန့်က ရိပေါ်ကို လွတ်ထွက်သွားမှာကြောက်တဲ့အလား ဖက်ထားတာကြောင့် ရ်ိပေါ်မှာ အသက်ရှုပင်ကြပ်သွားရသည်။
ရှောင်းကျန့်မလာခင် တစ်ခုခုချက်ထားဖို့အတွက် အနီးအနားက market တစ်ခုဆီသွားလ်ိုက်တာပင်။
ပြီးတော့ ဖုန်းသံကြားပေမယ့် အိမ်ရောက်တော့မှာပဲဆိုပြီး ဖုန်းမကိုင်လိုက်တာ ဒီလောက်ထိ စိုးရိမ်မိစေမယ်လို့တော့ မထင်မိလိုက်ပါ။
" လွှတ်ပါဦး။ အသက်ရှုကြပ်နေပြီ "
ရှောင်းကျန့်က ဖက်ထားတာက်ို ဖြေလျှော့ပေးပြီး လုံးဝလွှတ်မပေးပေ။ ရိပေါ်ကို ဖက်လျက် ကိုယ်သင်းနံ့တွေကို အလွတ်ရအောင် ကျက်မှတ်နေမိသည်။
ရိပေါ်က ရှောင်းကျန့်ကျောကို ခပ်ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးသည်။
ရှောင်းကျန့်က သူ့ကြောင့် တကယ်ထိတ်လန့်သွားရတာမဟုတ်လား။
ဖက်လို့အားရမှ ဝမ်းနည်းနေတဲ့ မျက်ဝန်းတွေနဲ့ ရိပေါ်ကို ကြည့်သည်။ တကယ်ထွက်သွားမှာကို ကြောက်သည်။
" ဘယ်တွေသွားနေတာလဲ။ ကိုယ်က အရမ်းစိတ်ပူသွားတာ။ ခေါင်းတစ်ခုလုံးပွင့်ထွက် မတတ်ပဲ "
" စျေးသွားဝယ်တာ။ အစ်ကို စားဖို့လေ "
ရိပေါ်က ပြုတ်ကျနေတဲ့ အထုပ်တွေကို ပြန်ကောက်ပြီး ရှောင်းကျန့်ကို ရယ်ပြသည်။ ရှောင်းကျန့်လည်း အခုမှ စိတ်ချနိုင်သွားသည်။
YOU ARE READING
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...
