(Unicode)
ရိပေါ်က ညနေစာကောင်းကောင်းမစားနိုင်ပဲ ခဏခဏပျို့နေ၍ မယ်တော်ကြီးရော မင်းကြီးရော မိဖုရားပါစိုးရိမ်နေကြသည်။ နေ့လည်က မုန့်စားတာများသွားလို့ ထမင်းမစားနိုင်တာသာဖြစ်ကြောင်း မုသားပြောလိုက်ပေမယ့် အကုန်လုံးကတော့ ကြင်ယာတော်လေးရဲ့ အခြေအနေကို ရိပ်မိနေသည်။ အထူးသဖြင့် မယ်တော်ကြီးနဲ့ မိဖုရားပင်။သမားတော်ကြီးကိုခေါ်ပေးမယ်လုပ်ပေမယ့် ကြင်ယာတော်လေးက အကြောက်အကန်ငြင်းနေ၍ ဘာမှမတတ်နိုင်ပဲရှိလေ၏။
ရိပေါ်နေမကောင်းဘူးလို့ကြားတာကြောင့် ရှောင်းကျန့်မှာ နန်းတော်ထဲပြန်ရောက်ရောက်ချင်း ရိပေါ်ရှိရာ နန်းဆောင်ဆီ အပြေးအလွှားရောက်လာခဲ့သည်။
နန်းဆောင်ရဲ့အရှေ့ကလျှောက်လမ်းလေးမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ ရိပေါ်ကို ပြေးပြီး ဖက်လိုက်၏။
" လန့်လိုက်တာ "
နောက်ကနေသိုင်းဖက်လိုက်တာကြောင့် ရိပေါ်က လန့်သွားဟန်တူသည်။ ရင်ဘတ်ကို ဖိကာလန့်ကြောင်းပြောလာခဲ့သည်။
" နေမကောင်းဘူးဆို။ ညနေစာကောင်းကောင်းမစားဘူးလို့ မယ်မယ်ကပြောတယ် "
ရှောင်းကျန့်က သူ့ကိုစိုးရိမ်တကြီးမေးလာသည်။
" အခုကောင်းသွားပါပြီ။ လမ်းခဏလျှောက်ရအောင် "
ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲကနေထွက်လိုက်ပြီး ဘေးတိုက်အနေအထားရပ်လျက် လက်ချောင်းချင်းသွယ်ယှက်စေလိုက်သည်။
နန်းဆောင်ရဲ့ အရှေ့မှာ အရိပ်ရတဲ့သစ်ပင်လေးတွေစိုက်ထားပြီး အလှပန်းအိုးလေးတွေက အစီအရီချထားကာမြက်ခင်းပြင်ပါတဲ့ ပန်းခြံအသေးတစ်ခုရှိသည်။ ရိပေါ်က ထိုနေရာလေးမှာ ရှောင်းကျန့်နဲ့ လမ်းလျှောက်ရင်း ဖွင့်ပြောဖို့ စိတ်ကူးရမိတာဖြစ်၏။
" နေမကောင်းမဖြစ်စေနဲ့နော်။ သန်ဘက်ခါဆို အစ်ကို့မွေးနေ့ရောက်ပြီ "
" ဟင် အစ်ကို့မွေးနေ့ ? "
ရိပေါ်က ရှောင်းကျန့်ရဲ့ မွေးနေ့ကို မေ့နေတာဖြစ်သည်။ ရှောင်းကျန့်နဲ့ ပက်သက်ပြီး ရိပေါ်က ဘာမှမသိတာများသည်။ ရှောင်းကျန့်ကိုလည်း မမေးဖြစ်ပဲ ရှောင်းကျန့်ပြောမှပဲ သိရတာမျိုး။
VOUS LISEZ
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...