(Unicode)
ရိပေါ်နေမကောင်းဖြစ်နေတဲ့ ရက်အတွင်းမှာ ဘာစာပေမှမလေ့လာရပေ။ ဒါပေမယ့် အားလျန်နဲ့ အားရန်တို့က မင်္ဂလာပွဲအခမ်းအနားကျင့်ဝတ်စာအုပ်ကိုဖတ်ပြတာကြောင့် ရိပေါ်မှာ နားထောင်ပြီး မှတ်သားရုံပင်။
ရှောင်းယွင်ကလည်း ရိပေါ်ဆီနေ့တိုင်းလာပြီး အဖော်ပြုပေးသည်။ သူဝါသနာပါတဲ့ skin care နဲ့ make up အကြောင်းတွေ ဖက်ရှင်အကြောင်းတွေပြောပြတာလည်း တစ်နေ့တစ်မျိုးမရိုးရ။ ရှောင်းယွင်က သူစ်ိတ်ဝင်စားတွေအကြောင်းတွေပြောရရင် အမြဲတမ်း စိတ်အားထက်သန်နေတတ်သည်။
ရိပေါ်က ရှောင်းယွင်ပြောတာတွေတစ်ချို့ကို နားမလည်ပေမယ့် ရေလိုက်ငါးလိုက်ခေါင်းငြိမ့်နေလိုက်သည်။ တချို့ဟာတွေကျ ဗဟုသုတရတာလည်းရသည်။
ရှောင်းယွင်က ရိပေါ်က်ို အသားအရေကောင်းကြောင်းအမြဲတမ်း ချီးကျုးသည်။ ဘာ product တွေသုံးလည်းဆိုရင်တော့ မျက်နှာတောင်များသောအားဖြင့် ရေနဲ့သစ်တာပင်ဖြစ်သည်။
အသားကလည်းနဂိုကတည်းကဖြူပြီးသားဆိုတော့ ထွေထွေထူးထူးဘာမှမသုံးဖြစ်။
အရင်က စားဖို့သောက်ဖို့နဲ့ heat ထိန်းချုပ်ဆေးဝယ်ဖို့တောင် မနည်းရုန်းကန်နေရတာ အလှအပအတွက်ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မည်လဲ။
အခုလည်း ရှောင်းယွင်က သူလောလောဆယ်သုံးနေတဲ့ ရေချိုးဆပ်ပြာအကြောင်းကိုကြော်ငြာဝင်နေသည်။ ဒီကောင်က cosmetic brand တစ်ခုခုရဲ့ ambassador လုပ်သင့်တာလို့တောင်မှတ်ချက်ချလိုက်မိသည်။
" ရိပေါ် ဒီရေချိုးဆပ်ပြာကိုသုံးကြည့် ။ အစ်ကိုတော်က ဒီအနံ့ရတာနဲ့ မင်းတစ်ကိုယ်လုံးက်ို ပြေးလျက်ချင်သွားမယ် "
ရှောင်းယွင်ကရိပေါ်ကို တရင်းတနှီး နာမည်သာခေါ်သည်။ ရေချိုးဆပ်ပြာဘူးကိုဖွင့်ပြီး ရိပေါ်ကို အနံ့ခံခိုင်း၏။ အနံ့မှာ မွှေးကြိုင်ပြီး အီစိမ့်နေကာ သူ့ဖယ်ရိုမုန်းအနံ့နဲ့တောင်ခပ်ဆင်ဆင်။
" တော်ပါပြီကွာ။ မင်းအစ်ကိုက ငါ့ဟာငါ ဒီတိုင်းနေရင်တောင် လျက်ချင်နေတာ။ ဒါသုံးလ်ိုက်လို့ကတော့ ငါ့ကိုတောင် ဝါးစားသွားဦးမယ် "
JE LEEST
Making A Lover
FanfictieENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...
