(Unicode)
ဒီနေ့ည ရှောင်းကျန့်ရဲ့ မွေးနေ့ ညစာစားပွဲရှိ၏။ ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း နေ့လည်ဘက်ဆ်ို အလုပ်များနေတတ်သည်မို့ နန်းတော်ထဲမှာ မရှိပေ။
ရှောင်းယွင်က ရိပေါ်ရဲ့ နန်းဆောင်ဘက်ကိုအလည်လာခဲ့၏။ ညရောက်ရင်တော့ ရှောင်းကျန့်ရဲ့ နန်းဆောင်မှာ ပြောင်းနေရပြီဖြစ်သည်။
ရိပေါ်က ကိုယ်ဝန်ရှိနေပြီဖြစ်တာကြောင့် ရှောင်းကျန့်ရဲ့ နန်းဆောင်မှာ ပြောင်းနေခွင့်ပြုလိုက်တာဖြစ်သည်။ မကြာခင်မှာ လက်ဆက်ပွဲလည်း ကျင်းပတော့မှာဆိုတော့ တစ်ပါတည်းပေါင်းနေလိုက်ပြီးသားပင်။
မနေ့က အမျိုးသား omega ကိုယ်ဝန်ဆောင်သည်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံတစ်ချို့က်ို ဝယ်ခဲ့သည်။
ရှောင်းယွင်က ကိုယ်ဝန်ဆောင်တွေအတွက်ထုတ်ထားတဲ့ skincare တွေကိုလိုင်းပေါ်ကနေမှာထားတာဖြစ်၏။ ရိပေါ်ကိုလက်ဆောင်ပေးဖို့လာတာပင်။
" ဒါက ကိုယ်ဝန်ဆောင်တွေသုံးလို့ရတဲ့ skincareတွေ ယူထားလိုက်။ လိုင်းပေါ်ကနေရှာပြီးမှာထားတာ "
ရိပေါ်က ရှောင်းယွင်ပေးတဲ့ စက္ကူလက်ဆွဲအိတ် လှမ်းယူလိုက်ကာ အထဲက ပစ္စည်းတွေကိုထုတ်ကြည့်လိုက်သည်။
" မလိုပါဘူး။ ငါက skinမှ မ care တာကို "
ရိပေါ်က လှလှပပထုတ်ပိုးထားတဲ့ skincare ဘူးလေးတွေကို ဖောက်ကြည့်ရင်းပြော၏။
ရှောင်းယွင်က ပြောရခက်လိုက်တာဆိုတဲ့ ပုံစံနဲ့ စုပ်သပ်သည်။
" ကျစ် * ကိုယ်ဝန်ဆောင်သည်ကလည်း ဘာမှ မလေ့လာထားဘူးပဲ။ ကိုယ်ဝန်ဆောင်နေတဲ့ကာလဆိုရင်အသားအရေက အရမ်းနူးညံ့သွားလို့ တခြားအချိန်တွေထက်ပိုပြီး ဂရုစိုက်ရတယ်တဲ့။ တစ်ချ်ို့ ကိုယ်ဝန်ဆောင်သည်တွေဆိုရင် ဗိုက်မှာ အမွှေးအမျှင်တွေတောင်ပေါက်လာကြတယ်ဆိုပဲ။ ငါလည်းမသိဘူးနော် လိုင်းပေါ်ကရှာဖတ်ထားတာ "
ရှောင်းယွင်ပြောမှရ်ိပေါ်က ကိုယ့်ဗိုက်ကိုပြန်စမ်းကြည့်လ်ိုက်သည်။
" အဲတာဆိုငါလည်း အမွှေးတွေပေါက်လာတော့မှာလား "
" ဘယ်သိမတုန်းကွ ။ မဖြစ်ချင်ရင် ဂရုစိုက်လေ။ ငါ့မှာလည်း လူပျိုလေးတန်မဲ့ က်ိုယ်ဝန်သည်ကို နေရာတကာ လိုက်ဂရုစိုက်နေရပါလား "
ŞİMDİ OKUDUĞUN
Making A Lover
Hayran KurguENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...