Ep - 29

5K 356 122
                                        

(ယခုအပိုင်း၏ နောက်ဆုံးအပိုဒ်နားတွင် အသက်မပြည့်သေးသောသူများမဖတ်သင့်သော အကြောင်းအရာနှင့် အသုံးအနှုန်းများပါဝင်သည်ဟုထင်ပါသည်။ စဥ်းစားချင့်ချိန်၍ ဖတ်ကြစေလိုပါသည်။)

(Unicode)

မင်းကြီး ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အိမ်ရှေ့စံက မကြာခင် Omega တစ်ယောက်နဲ့ လက်ဆက်တော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည်။ လက်ဆက်ပွဲပြီးတာနဲ့အိမ်ရှေ့စံကို ထီးနန်းလွှဲအပ်ပြီး ရာထူးကိုစွန့်လွှတ်မှာဖြစ်ကြောင်းပြောကြားခဲ့၏။

တော်ဝင်မိသားစုရဲ့website မှာ မိသားစုဝင်တစ်ဦးချင်းစီရဲ့ profile ကို update လုပ်ခဲ့သည်။ထို့နောက် တော်ဝင်မိသားစုရဲ့ social media platform များရှိ အကောင့်များမှာ တစ်ရှိန်ထိုး follower များတက်လာလေသည်။ တော်ဝင်မိသားစုနဲ့ အိမ်ရှေ့စံရဲ့ သတင်းက ခေါင်းစဥ်အမျိုးမျိုးဖြင့် weibo မှာ hot search ဝင်သွားကာ hot searchရဲ့ ထိပ်ဆုံး top 10 မှာ တော်ဝင်မိသားစုအကြောင်းကိုသာတွေ့ရမည်ဖြစ်သည်။

ဘယ်အနုပညာသတင်းမှ တော်ဝင်မိသားစုရဲ့သတင်းကိုမကျော်လွှားနိုင်ပေ။

အထူးသဖြင့် တော်ဝင်မိသားစု တစ်စုလုံးက အပြစ်ပြောစရာမရှိအောင် ရုပ်ရည်ချောမောကြသည်။ ဒါကြောင့် တော်ဝင်မိသားစုဝင်များရဲ့ visual ဆိုတဲ့ hastag က hot search ထဲမှာ သပ်သပ် trending ဖြစ်နေ၏။

တစ်ပြိုင်နက်တည်း အိမ်ရှေ့စံရဲ့ fanclub ပါပေါ်လာသည်။ အိမ်ရှေ့စံရဲ့နာမည် hastag နဲ့ topic ကိုဝင်ကြည့်သူပေါင်း တစ်နေ့တည်းနဲ့ သန်းချီသွားသည်။

အိမ်ရှေ့စံရဲ့အကြောင်းကိုရှာလျှင် သူ့ကြင်ယာတော်အကြောင်းပါ ပူးတွဲကျလာမည်ဖြစ်သည်။

အိမ်ရှေ့စံရဲ့ ကြင်ယာတော် profile ကိုလည်း တော်ဝင်မိသားစုရဲ့ website မှာ update လုပ်ထားသည်။ ထို omega လေးမှာ ဝမ်ရိပေါ်ဖြစ်ကြောင်း ရုပ်ပုံနဲ့ တကွသိလိုက်ရတဲ့အခါ တစ်ချိန်တစ်ခါက ရိပေါ်ကို ရှုံ့ချခဲ့သူများ မတူမတန်ဆက်ဆံခဲ့သူများမှာသူတို့မှားပြီဟူ၍ အကြီးအကျယ်နောင်တရလျက်ရှိကြတော့သည်။

ဒါ့အပြင် သာမန် Omegaလေးက အိမ်ရှေ့စံလို Enigma မျိုးကို ဘယ်လိုဆွဲဆောင်လိုက်တာလဲဆိုပြီး Alpha အများစုမှာလည်း မနာလိုဖြစ်လျက်ရှိကြတော့သည်။ အားကျသူတွေလည်းပေါများသလို ချီးကျူးသူ ဝေဖန်သူတွေလည်း တစ်ပုံကြီး ထွက်ပေါ်လာလေသည်။

Making A LoverWhere stories live. Discover now