(Unicode)
ရှောင်းကျန့်မှာ နန်းတော်ကထွက်လာပြီးနောက် မြို့ထဲမှာရှိတဲ့ ကွန်ဒိုတစ်ခုမှာ နေဖြစ်သည်။
သူ့mate ဖြစ်လာမယ့်သူကို ဘယ်လ်ိုစရှာရမလဲ ကြံရာမရဖြစ်နေ၏။
လမ်းမကြီးပေါ်မှာထွက်ရှာရမှာလား ?
လက်ကမ်းစာစောင်ဝေပြီး ကြော်ငြာရမှာလား?
ဒါမှမဟုတ် အချိန်တန်ရင် သူ့ရှေ့ တစ်ယောက်ယောက်များပေါ်လာမှာလား ?
စဥ်းစားကြည့်လိုက်ရင် ရူးကြောင်ကြောင်နိုင်တဲ့ အကြံတွေထွက်လာသည်။
မွေးကတည်းက ယခုအချိန်အထိ ပူပန်သောကဆိုတာ မကြုံဖူးခဲ့။ ခုတော့ ဘာမဟုတ်တဲ့ အရေးကိစ္စလေးနဲ့ ရှောင်းကျန့်မှာ ဦးနှောက်ခြောက်နေရလေသည်။
စိတ်ရှုပ်လာတာကြောင့် ဂျက်ကတ်တစ်ထည်ကို ယူလိုက်ပြီး ကွန်ဒိုအောက်ကိုဆင်းခဲ့လိုက်၏။ အချိန်က ည ၁၀ နာရီခန့်တောင်ရှိနေပြီ။
လူကုံထံရပ်ကွက်ဖြစ်တာကြောင့် လူကတော့ အတော်သန့်သည်။ ညနက်နေပြီဖြစ်တာကြောင့် လမ်းပေါ်မှာ လူကတော့ သိပ်မရှိ။
ကွန်ဒိုရဲ့ဘေးမှာ ဒီကွန်ဒိုက ပိုင်တဲ့ ပန်းခြံတစ်ခြံရှိသည် ။ ညနေပိုင်းဆိုရင်တော့ ကလေးတွေနဲ့ ဆူလို့ညံလို့။ ခုကတော့ လူအိပ်ချိန်မို့ တိတ်ဆိတ်နေကြပြီ။
လမ်းတစ်လျှောက်လုံးမှာရှိတဲ့ လမ်းဘေးမီးတိုင်တွေကြောင့် တစ်လမ်းလုံး ထိန်ထိန်လင်းလို့နေသည်။
လေက တဟူးဟူးဖြင့် နေလို့ကောင်းသည်။ ဂျက်ကတ်ထဲက ဆေးလိပ်တစ်လိပ်ကိုယူပြီး မီးညှိလိုက်ကာ နှုတ်ခမ်းမှာတေ့ထားလိုက်၏။
ပန်းခြံကိုကျော်ပြီးနောက် တစ်လမ်းခြားပြီးရင်တော့ mini mart လေးတစ်ခုရှိသည်။ ဆေးလိပ်သောက်ပြီးရင် ခံတွင်းချဉ်တဲ့အတွက် အချိုဓာတ်ပါတာလေးတစ်ခုခုလောက် ဝယ်စားမယ်လို့စဥ်းစားထားသည်။
တကယ်က အပြင်ကိုထွက်လာရတဲ့ အကြောင်းအရင်းမှာ မည်မည်ရရမရှိ။ စိတ်ပြေလက်ပျောက်ဆိုပြီး ထွက်လာခဲ့တာဖြစ်သည်။
mini mart လေးထဲကိူဝင်သွားတော့ cashier ကကောင်လေးရယ် ငွေရှင်းမယ့် လူတစ်ယောက်ရယ် သူရယ်ကလွဲပြီး ဘယ်သူမှမရှိပဲ လူရှင်းနေသည်။
VOCÊ ESTÁ LENDO
Making A Lover
FanficENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...
